အို.....အဆွေတော် ၊ မှတ်ပါ၍လော ။
ညီငယ် ညီမ ၊ နားစိုက်ပါလော့ ။~~။
သာညီတိုးတက် ၊ ခေတ်စနစ်မှာ ၊
ပြောရေးဆိုတွေး ၊ များလှသူငါ ၊
စေတနာခင်း ၊ ရင်တွင်းပြကြရှာ ။~~။
ပါရမီရင်း ၊ ဘဝကုသိုလ်၊
ဝါသနာထုတ်လို့ ၊ ကဗျာဖွဲ့ ဆို ၊
စေတနာခင်း၊
အလင်းပြကြသကို ။~~။
ဘဝကြုံရင်း၊တွေ့ ဆုံခင်းလို့ ၊ ပြောကြားသူငါ၊
သုတအများ ၊ အလင်းစေတနာ ၊
အမှာစကား ၊ ဆိုနား သူ့ စေတနာ ။~~။
မိုက်မှောင်ပယ်ဖျောက်၊ မှတ်လော့သေချာ၊
စေ့စေ့နာလော့ ၊ သိမှု့ ရေးရာ၊
နာခံကြံတွေး ၊ဆိုရေးတတ်သော်၊
ဘဝအလင်း ၊ ဥာဏ်တွင်းပေါက်ရောက်သနော် ။~~။
တွေ့ ကြုံမှတ်ဖူး ၊သိမြင်ကျမ်းဂန်၊
အမြင်အကြား၊ ကျိုးများစေရန် ၊
စေတနာမှန်ရင့်၊ဆိုကောင်းသိကြပြန
အပြစ်မလွှမ်း ၊မှတ်ကြလောကီ၊ သူ့ ကျမ်းဂန် ။~~~~ ။
ကဗျာ ချစ်သူ
@ Neon Poemchitthu
No comments :
Post a Comment