Tuesday, January 15, 2013

♥..့ • *..့• ♥ ငါ့ ♥ ရင်ကြားက ဆူးပန်းနှင်းဆီ ♥..့ • *..့• ♥


ပင်ပျိုရိပ်လောင်း ဆူးပန်းနှင်းဆီ

ရင်တွင်နင့်လို့ ချစ်ရလိုပြီ ချစ်လိုပြီ ။ ~~ ။

ချစ်လိုလှသော် ရွယ်လိုငယ်သေး

မယ့်ရင်သွေးမို့ ဆူဖြိုးရင့်ထွား

ပွင့်ရွက်ကြွားအောင် မြတ်နွယ်ပေါင်းရှင်း

မြေဆွသင်၍ ရင်၌

ပျိုးသည် ပျိုးခဲ့သည် ။ ~~ ။

နေမခလို ငြိုးရော်ရိနွမ်း

ရွက်ကြွေမနွမ်းအောင် မြင်ရက်မှန်းဆ

တမ်းတသော်လည်း နေရောင်ဂုဏ်ရှိန်

ရောင်ခြည်ထိန်မှ ပင်သန်ရမို့ 

ရင်နာလျှက်နှင့် စောင့်ရှု့ ကြည့်သည် စောင့်ကြည့်သည် ။ ~~ ။

လေကြီးမိုးကြမ်း ခိုက်ရက်စက်သော်

ရေစက်မိုးပေါက် ပင်ပျိုရွက်ကြား

မိုးမခလိုလည်း ရင်၏ပန်းမို့ 

ပင်ပျိုရွယ်ရောက် မိုးစက်ပေါက်မှ

ရွက်ထူပွင့်ကြွား ဂုဏ်တင့်လန်းအောင်

မြင်ရက်လို၍ ရင့်နင့်ခါပင် ဖြစ်မိပြန် ။ ~~ ။

ချိန်တန်ရွယ်လှ ပေါင်းနွယ်ထကြွ

ငါ့ ..ရင်ပျိုးပန်း ဘေးမသန်းအောင်

စောင့်ရှု့ ကြည့်ရှင်း ရင်တွင်းစေတနာ

အပင်လေးမှာ မသိခဲ့ရှာ မသိရှာ ။ ~~ ။

ရွက်ကယ်ထူပြီး ပွင့်ရယ်ကြွားပေါ့

ရနံ့ ကယ်လှိုင် လေဝယ်ကြိုင်လို့ 

ဂုဏ်သင်းပန်းမှာ ဖဲ့ခြွေလိုလှ

ပွင့်ဖတ်မွအောင် ပန်းဖျက်မုဆိုး

ရန်မျိုးကင်းလို စောင့်ရှု့ ထိန်းလည်း

ရင်ပျိုးပန်းမှာ ရန်လိုမာန်ထောင်

မင်းမူပြန်လျှက် ရင့်နင့်ရပြန် ရင်နင့်ပြန် ။ ~~ ။

ရင်၌ပျိုးသည့် ရင်ကြားနှင်းဆီ

ချစ်နှင်းဆီမို့  မုဆိုးရန်ကြား

ဘေးမခအောင် ဆူးခက်ရွယ်စူး

အဆိပ်လူးခဲ့ ဖွဖွညင်သာ

ထိကိုင်ရက်နှင့် ညှိးလျှက်မာန်ထောင်

ပျိုနှင်းဆီကြောင့် နှလုံးသားမှာ

သွေးစိမ်းရှင်ရှင် ယိုခဲ့သည်......

သွေးစိမ်းရှင်ရှင် ယိုခဲ့သည်.....

အဆိပ်လူးလို့ စိမ်းခဲ့သည် ။ ~~ ။

၁၀.၁၀.၂၀၁၁

၉း၂၂း၀၈

ကဗျာ ချစ်သူ

@ Neon Poemchitthu

No comments :

Post a Comment