Tuesday, January 15, 2013

♥ ♥ မုန်းမှာမေ့မှာ စိုးရိမ်ခါ ♥ ♥

နှင်းနှယ်နုနု ၊ ငွေ့ ရည်စုသို့ ၊

ဖွေးဖြူ ဖြိုးဖြောက် ၊ ချစ်ပန်းဝတ်မှုံ ၊

သင်းသိုသိပ်သိပ် ၊ တိတ်တဆိတ်မို့ ၊

ရင်ရာရင့်ရင့် ၊ သဲပလ္လင်ထက် ၊

ခွင့်ခွါခက်ခက် ၊

မမေ့ရက်လို့ ၊

 ချစ်ခွင့်ခါခါ ၊ ကြုံလိုပါ၏ ၊။

သံသာသင်းသင်း ၊ ငါ့ရင်တွင်းမှာ ၊

ခွန်းချိုခခ ၊ ပဲ့တင်ရမို့ ၊

နုနယ်နီနွေး ၊ နှုတ်လွှာလေးမှ ၊

ပြေပြစ်ပျော့ပြောင်း ၊ နွဲ့ နွဲ့ နှောင်းကို ၊

တမ်းတမ်းတတ ၊ မေ့မရခဲ့ ၊။

ဝေးဝေးဝို့ ဝါး ၊ ရေမြေခြားမို့ ၊

ရော်ရည်ရွက်ရင့် ၊ မြေသက်ရွက်ကြွေ ၊

နွမ်းနည့်နည့်နှင့် ၊ နေခခဲ့ပြန် ၊

စိမ်းစိမ်းစိုစို ၊ အရင်ဟိုတုန်း ၊

ပင်ပျိုပွင့်ပန်း ၊ လေဝှေ့ ရမ်းရော် ၊

ညိုးညိုးညစ်ညမ်း ၊ လေသရမ်း၍ ၊

ကြွေကျကြွေကာ ၊ မြေခရှာပြန် ၊

မုန်းမုန်းမေမေ့ ၊ ရှောင်ခွါမေ့လို့ ၊

ပြိုပျက်ပြက်ပြယ် ၊ သစ္စာဖယ်မှာ ၊

မှန်းမျှော်မဲ့မို့ ၊ စကားဆိုတိမ်း ၊

မုန်းမှာမေ့မှာ ၊ စိုးရိမ်ခါပင် ဖြစ်ရပြန် ။

ကဗျာအမျိုးအစား ။ ။ ပုလဲတစ်တန့် ၊ သန္တာတစ်တန့် 

" ရှင်မဟာရဋ္ဌသာရ "" ၏ ကဗျာရေးနည်းလေးကို အားကျ၍သာ

ကာရန်မညီမညာဖြင့် ကြိုးစားရေးဖွဲ့ ခဲ့ပါတယ် ။ ။ ။ ။

ကဗျာ ချစ်သူ

@ Neon Poemchitthu

No comments :

Post a Comment