Tuesday, January 15, 2013

!!!!!!!!!! အတိတ် ပန်းချီ !!!!!!!!!


တနေ့ ပေါ့.......

နှင်းဆီခင်းထဲအလင်းတဲ့ အလင်းမျိုးနဲ့ တွေ့ ရှိခဲ့တာ ကမ္ဘာသစ် !!

သက်တန့် ပျိုးတဲ့ရောင်စဉ်တန်းနဲ့ လင်းခဲ့ရတာနယ်မြေသစ် !!

ကိုလံဘတ်~~လိုရှာဖွေမိတော့ရရှိခဲ့တာ နေရာသစ် !!

ဒါပေမယ့်.. အာခိမိဒိ~~လိုရေကန်ထဲစိမ်ရင်းရုတ်တရက် တွေ့ ရှိခဲ့တဲ့

"ဘောလောပေါ်" နိယာမမျိုးနဲ့ တွေ့ ရှိခဲ့တဲ့

တွေ့ ဆုံမှုမျိုးလဲမဟုတ်ခဲ့ပြန်ဘူး ☻☻

နယူတန်~ ရဲ့ နိယာမ...လို ကြွေကျခဲ့တဲ့

ကမ္ဘာငယ် !!

တကယ်တော့ ငါက ပန်းသီးတလုံးပဲပေါ့ .....

ဒါပေမယ့် ... ငါ !!

နပိုလီယံ~~လိုတော့ စစ်ပွဲတွေ မဆင်နွဲခဲ့ဖူးဘူး ....

နာဇီ~~လိုလဲ တယူသန်စိတ် မမွေးခဲ့ဖူးဘူး...

ဝံပုလွေ တစ်ကောင်လို မာယာမများတတ်ခဲ့ ပေမယ့်

ကေသရာဇာ ခြင်္သေ့ လိုတော့ရဲရင့်တယ်...

ကျရှုံးမှုကြောင့် ဘယ်တော့မှအသက်ပျောက်မှာ မဟုတ်သလို

မင်းဧကရာဇ် တပါးတော့ မဟုတ်ဘူးပေါ့ ☻☻☻

အောင်မြင်မှုက အဆုံးအဖြတ်ကောင်းရဲ့ ရလဒ်

အဆုံးအဖြတ်ကောင်းက အတွေ့ အကြုံရဲ့ ရလဒ်ဆိုသလို

အတွေ့ အကြုံဆိုတာကလည်း ညံဖျင်းမှားယွင်းတဲ့

အဆုံးအဖြတ်ရဲ့ ရလဒ် လို ရရှိခဲ့ရတာ

ငါ့... ဒီကမ္ဘာ ☻☻☻

မဟူရာ ကဗ္မလာခင်းတဲ့ မာယာကျော့ကွင်းမှာ

ငါ...ဘယ်တော့မှ ၀ပ်ဆင်းမိမှာ မဟုတ်သလို

နက်သထက်နက်တဲ့ မှော်ရုံတောမှာ

နစ်သထက်နစ်ရင်း ကျွံ့ ဝင်နစ်တဲ့

သားကောင်လေလဲ မဟုတ်ခဲ့ဘူး ☻☻☻

ကန်ရေပြင်မှာ ထင်နေတဲ့ လရိပ်ကို ပိုက်ကွန်နဲ့ 

ဖမ်းခဲ့တဲ့ တံငါသည်လိုလဲ တတ်မြောက်ခြင်းမျိုးလဲ

ငါ မသင်ယူခဲ့ချင်ဘူး...

တကယ်တော့ ချစ်သူရဲ့ ပါးနှစ်ကို နမ်းခွင့်ရဖို့ 

ဆယ်နှစ် ဆယ်မိုး စောင့်ရေးခဲ့ရတဲ့ ကဗျာ တပုဒ်ကို

ကောက်ရခဲ့သလို ရရှိခဲ့တဲ့ငါ....

16.5.2011

3း8း19AM

ကဗျာ ချစ်သူ

@ Neon Poemchitthu

No comments :

Post a Comment