♪ ♫ ည အိပ်မက်တိုင်း -နွေ ရွက်သစ်ကိုင်းလည်း- ကြွေ ဝိုင်းဖွဲ့ ကာဘဝ လေပွေ ရူးခါနေ မြူးပါပေ မထူးပါလေ ပျိုရွယ်ကင်းတဲ့ ဘဝဇရာတွေ ။ ☼ ☼
Tuesday, January 15, 2013
♫ ♪ ♫ ချစ် ကတိ ♫ ♪ ♫
ရေး ခြစ် ခဲ့ တယ်
နှစ်ယောက် ပဲသိတဲ့
သင်္ကေတ
ဖွဲ့ နွဲ့ မကုန်တော့တဲ့ 
ဘာသာ ဗေဒကို
ငါ,,,,,သင် ယူ တုန်း
ပန်းလှေလည်း မမှောက်ပါရစေနဲ့ 
ကမ်းခြေလည်း မပျောက်ပါရစေနဲ့ 
ပြုထား ကတိ
တည်ထား သစ္စာ
ယုံကြည်မှုကို ခါးပိုက်ထုပ်လို့ 
ဆူးကြမ်းလမ်းလည်း
ငါဖြတ်ကူးမယ်....
လှိုင်းထန် လေထန်
ရေဆန်လမ်းလည်း
ငါဖြတ်ကူးမယ်....
ဓါးတောင် ကျော်ကူး
မီးပင်လယ် ဖြတ်ဆိုဖြတ်မှပေါ့...
အချစ်အတွက် အသက်ပေး၏ ....
ကဗျာ ချစ်သူ
@ Neon Poemchitthu
Labels:
ကဗျာ - ၀၃၂
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment