♪ ♫ ည အိပ်မက်တိုင်း -နွေ ရွက်သစ်ကိုင်းလည်း- ကြွေ ဝိုင်းဖွဲ့ ကာဘဝ လေပွေ ရူးခါနေ မြူးပါပေ မထူးပါလေ ပျိုရွယ်ကင်းတဲ့ ဘဝဇရာတွေ ။ ☼ ☼
Tuesday, January 15, 2013
အပိုင်း အစ
ဒီနေ့  >>>>
စိတ်လို လက်ရ
ရေးခြစ်ခဲ့မိတယ်...
သဲသောင်ပြင်မှာ
သစ်ခြောက်ကိုင်း တခု
ကောက်ခါ ဆွဲလို့ ပေါ့ .....
ငါ့ ဘဝ မှာ...
ရေးခြစ်ခဲ့
သမျှ
ဒီရေတက်တိုင်း
အရှုံးပေးလို့ 
အရာရာဟာ
ပကတိ အတိုင်း......
နေသာပြီးရင်
မိုးရွာသလို
မုန်တိုင်းပြီရင်
လေပြေပဲ
ပြသာဒါး ပြီးတော့
ရက်ရာဇာ
သောင်ခုံ ထွန်းတဲ့တနေ့ 
ငါ့ ဘဝ ရက်ရာဇာ ပေါ့..
စိတ်ရှိ လက်ရှိ
ရေးခြစ်ပစ်မယ်...
ကဲ>>> မှတ်ပြီလား ?
2း16း20AM
11.6.2011
ကဗျာ ချစ်သူ
@ Neon Poemchitthu
Labels:
ကဗျာ - ၀၃၃
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment