Tuesday, January 15, 2013

♦ ဘီလူး နက္ခတ် ♦


လေတိုက်တိုင်း

ကြွေရအောင်

ငါ က သစ်ရွက်တွေလဲ

မဟုတ်ခဲ့ဘူး .....

နင်...

အမြဲ လှည်းနေတဲ့



တံမြတ်စီး လို

ငါ့ ဘဝ

မကြာခင် တိုရမှာလား ?

လုံးပါး ပါးရအောင်

ငါ... ပရုပ်လုံးတလုံးလဲ

မဟုတ်ခဲ့ဘူး....

နင်...

အမြဲလျှက်နေကျ

ထန်လျက်ခဲလို

နင့်....

တံတွေးနဲ့ လျှာခံတွင်းမှာ

လုံးပါး ပါးရအောင်

ငါ...

မိုက်မဲခဲ့ဖူးသလား ?

ငါ့ ဘဝကို

လက်နှီးစုတ်လို့ 

ချောင်မှားထိုးတာ

တကယ်ဆို နင်..

တရားသလား ?

ပွတ်တိုက်တိုင်း ပဲ့ရအောင်

ကမ်းခြေလည်း

ငါ...

မဟုတ်ဘူး...

လေတိုက်တိုင်း

ပျော်ကျတာ

ရေခဲတုံးမှ

ငါ မဟုတ်တာ...

အပူပေးတိုင်း

ပျော့တယ်...

ငါ့ ဘဝ ထုလေမာလေပဲ....

နင် ... သိလား ?

ကိုးသင်္ချိုင်းဓါး

နင့် ... ဘဝတိခနဲ

ပြတ်သွားမယ်..

ငါ ကဗျာရေးတာ

သေချာတယ်...

ဒီည.....

ဘီလူးနက္ခတ်ပဲ......

3း14း10AM
11.6.2011

ကဗျာ ချစ်သူ

@ Neon Poemchitthu

No comments :

Post a Comment