♪ ♫ ည အိပ်မက်တိုင်း -နွေ ရွက်သစ်ကိုင်းလည်း- ကြွေ ဝိုင်းဖွဲ့ ကာဘဝ လေပွေ ရူးခါနေ မြူးပါပေ မထူးပါလေ ပျိုရွယ်ကင်းတဲ့ ဘဝဇရာတွေ ။ ☼ ☼
Tuesday, January 15, 2013
လှောင်အိမ်
ကာရံထားတယ်...
သံတံတိုင်းနဲ့ ပေါ့....
လုံခြုံမှုတော့ရှိပါတယ်...
ရန်သူအပေါင်း၏ ဘေးမှပေါ့.....
အစားမှန်မှန်ကျွေးပါ၏...
ရေမှန်မှန်တိုက်ပါ၏......
နင့်,,,, အတ္တအတွက်
အလှကြည့်ဖို့ 
ဒါတွေလည်းငါ ....
ရိုးအီလွန်းလှပေါ့....
တချိန်က
ငါ့,, ရဲ့ သစ်တော
ဘယ်မှာလဲ
ငါ့,, ရဲ့  မိဘ
ကွဲကွာခဲ့ပေါ့
ငါ့,, ရဲ့  ငယ်ဖော်...
ကြာရင် ငါ
သေနိုင်တယ်!!
အထီးကျန်လွန်းလှပေါ့...
ချထားခဲ့ရတဲ့
ငါ့,, ရဲ့ အတောင်ပံ နှစ်စုံ
ကြာရှည်လွန်းတော့
ညောင်းပါပေါ့...
ပျံသန်းခွင့်ပေးပါတော့
သခင်ရယ်......
7 . 6 . 2011
3း09း06PM
ကဗျာ ချစ်သူ
@ Neon Poemchitthu
Labels:
ကဗျာ - ၀၃၁
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment