Tuesday, January 15, 2013

♥-♥♀-♂♥-♥ ချစ်သူ့  တမ်းချင်း ♥-♥♀-♂♥-♥


ရင်ခွင်တခုလုံးပူလောင်မှုပြင်းထန်ပြီး ကြားလိုက်ရတဲ့စကားလုံးတွေက

တုန်လှုပ်ချောက်ခြားစေပါလား ငယ် !!!

နွေငယ်ငယ်!!!ဆုံးပြီတဲ့ ))))

မယုံဘူး ..ကိုယ်(လုံးဝ)မယုံဘူး !!!

ဒါပေမဲ့...သံသယဆိုတဲ့ အစိုင်အခဲကို

အမှန်တရားက ချေဖြတ်နိုင်ခဲ့တယ်လေ။

လေပြေလွင်လွင်တွေတိုက်ခတ်ပြီး အေးမြတဲ့အရိပ်အာဝါသအောက်က

မင်းရဲ့ အုတ်ဂူဖြူဖြူလေးက ကိုယ်ရဲ့မယုံကြည်မှုတွေကို

ချေဖြတ်နိုင်ခဲ့တယ်လေ !!!

ရင်ခွင်နွေးနွေးကိုမှီပြီးကိုနဲ့ ဝေးကွာရမှာ အကြောက်ဆုံးပဲလို့ 

ကြေကွဲဆို့ နစ်စွာ တတွတ်တွတ်ပြောတတ်တဲ့ငယ်!!!

ကိုယ်နဲ့ ထာဝရသာယာတဲ့ ဘ၀လေးကိုတည်ဆောက်ချင်တဲ့ငယ်!!!

အခုတော့ကိုယ့်ကို ထာဝရခွဲသွားခဲ့ပြီပေါ့....

အတူတူလျှောက်ခဲ့ဘူးတဲ့ မြေနီလမ်းကလေးတွေ၊

ကောလိယချောင်းတံတားပေါ်မှာ

လေညှင်းခံရင်းကြယ်ကြွေတာတွေ ရေတွက်ခဲ့ကြတဲ့ညလေးတွေ၊

မီးရထားသံလမ်းလေးပေါ် လက်ချင်းတွဲပြီးလျှောက်ခဲ့ကြတဲ့နေရာလေးတွေ၊

အတူတူထိုင်ခဲ့ကြဖူးတဲ့ဗန်ဒါပင်အောက်က

အအေးဆိုင်လေးနဲ့ ခုံဝိုင်းပုပုလေးတွေဟာ

ကိုယ်တယောက်တည်းအတွက်တော့

အလွမ်းတွေကိုစားသုံးပြီးငယ့်ရဲ့အငွေ.အသက်နဲ.အသက်ဆက်ခဲ့တာ

ဒီနေ့ အထိပဲပေါ့ ငယ်!!!

နှစ်လရက်တွေဘယ်လိုပြောင်းပြောင်းဗလာရင်ခွင်ဟောင်းထဲ

အလွမ်းတံဆိပ်တွေခတ်နှိပ်လို့ 

သတိရတမ်းတခြင်းသက္ကရာဇ်တွေထဲမှာ

လွမ်းတသသနေ့ရက်တွေကိုလက်ချိုးရေလို့ ပေါ့ ငယ် ......

မင်းထားရစ်ခဲ့တဲ့အလွမ်းတဲအို ရင်ခွင်ပျိုက

နေ၀င်ချိန်လေးတွေကိုမျှော်နေတတ်ပြီး

မင်းပုံရိပ်ရဲ့အငွေ.အသက်တွေကိုပြန်လည်နိုးထစေချင်တာ

ကိုယ့်ရဲ့ဆန္ဒပါ ငယ်!!!

ရယ်သံလွင်လွင်လေးနဲ့ ရွှန်းရွှန်းစားစားကြည့်တတ်တဲ့

မျက်ဝန်းလဲ့လဲ့လေးတွေကိုငေးမောရှာဖွေဖို့  အမှောင်ညတွေထဲမှာ

ညဥ့်နက်နက်တွေကိုတန်းဖိုးထားနှမြောတတ်နေပြီ ငယ် !!!

မင်းကိုတမ်းတရတဲ့စိတ်တွေကြောင့်

ပူလောင်ကျွမ်းမြေ့လွန်းတဲ့နှလုံးသားတနေရာမှာနေမချိအောင် စူးနစ်နေပေမဲ့

ဖယ်ခွါရခက်တဲ့သောကတရားတွေကို

ကျေနပ်စွာဖက်တွယ်နေမိတာကိုယ်ပါ ငယ် !!

သြော်!!! ဒို့နှစ်ယောက်ရဲ့ဘ၀လေးတွေကတိုတောင်းလွန်းပါလား ငယ် !!!

ဒါပေမဲ့ ~~ လရောင်အောက်မှာ ချစ်သူမျက်နှာကိုကဗျာလိုဖတ်ပြီး

ချစ်မြတ်နိုးစွာနဲ့သာယာချိုမြတဲ့စကားသံလေးတွေကို

သံစဉ်တပုဒ်လိုနားဆင်ရင်းတမ်းတမက်မောလွန်းခဲ့တဲ့

သင်းပျံတဲ့ကိုယ်သင်းရနံ့လေးတွေရယ်...

ဆံနွယ်စလေးတွေကြားကချွေးစို့ချွေးဥလေးတွေကို

ကြင်နာစွာသုတ်ခွင့်ရခဲ့တဲ့အချိန်လေးတွေကတော့

အရင်လိုလတ်ဆတ်ဆဲပါ ငယ် !!!

နောက်ဆုံးတော့မွေးဖွားခြင်းရဲ့ နောက်ဆုံးပန်းတိုင်ဟာ

သေဆုံးခြင်းပဲလို့သိလာရတဲ့အချိန်၊

သင်္ခါရတရားတွေကိုနားလည်လက်ခံလာတဲ့အချိန်မှာ

မရဏာနုသတိတရားကိုပွားရင်း

ချစ်သော ငယ် !!!

အေးငြိမ်းသောဘုံဘ၀သို့ ရောက်ပါစေလို့ 

ကောင်းမှုတွေအခါခါပြုလျှက်ပေါ့ ငယ်!!!

ချစ်သော♥♥♥နွေငယ်ငယ် အတွက်♥♥♥

22♣8♣20010
2း56း49AM

ကဗျာ ချစ်သူ

@ Neon Poemchitthu

No comments :

Post a Comment