တိုက်ခတ်ခြင်းတဲ့ လေပြေလိုလား ?
မုန်တိုင်းဆန်တဲ့ ခပ်ပြင်းပြင်းဒေါသမာန်ဟုန်ပြင်း
လေနုအေးတဲ့ တပါးသူနွေ ငြိမ်းအေးအောင်လည်း ပြုမူဖူးတာ ငါပါပဲ...
မြို့ ပြရဲ့ ယဉ်ကျေးမှုနဲ့  ခေတ်ရေစီးကြောင်းအတိုင်း
ဒဏ်ရာအနာတရတွေပဲ ငါသယ်ဆောင်ခဲ့တော့
တိုးတက်မှုများလေ ဆုတ်ယုတ်လေ လို့  ဆိုကြသကွဲ့  ?
ငါ့ >>> သဘာဝ အတိုင်း ငါနေတာ ဒါ တရားသလား ?
ထိတွေ့ ချင်လို့ 
ကိုင်ကြည့်တယ်..
ထိတွေ့ သိတယ်...
ဖယောင်းတိုင် ငယ် ငါ့ ဘဝရယ် အမှောင်ခွင်းလို့  အလင်းသစ်စေတယ်....
နင့် အိမ် မီးလောင် ငါ့>>>ကြောင့်တဲ့ကွယ်.....
နင့် ပေါ့ဆမှုက ဘယ်မလဲ ?
ယက်တောင် ကလေးငယ် ငါ့ ဘဝရယ်...
ပျက်ချိန်တန်တော့ ပျက်စီးရတယ်....
ဒါ ဓမ္မတာတဲ့!!!!
ငါ့>>>ဘဝ ဆေးလိပ်တို နင့် အလိုရမ္မက်ကြောင့် ရှု ရိုက်တယ်...
တိုသွားတော့မှ လွှင့်ပစ်ခဲ့ ....
ရောဂါဖြစ်တော့ ငါ့ အပြစ်တဲ့  !!!
ဒါ ဘဝ လား ?
သင့်တင့်ရုံတော့ နွေးစေမယ်....
ရမ္မက်ကြီးတော့ ကျွမ်းစေတယ်...
ငါ့>>ဘဝ မီးလိုပဲ..ငါ နင့်>> ကို မြှူဆွယ်ခဲ့ဖူးသလား ?
အလင်းမဲ့တဲ့နေ့ တွေထဲမှာ နာရီစက်သံမရှိဘူး....
ပြက္ခဒိန် မရှိတာ အဲဒါ ငါ့ >> ဘဝ ....
သက္ကရာဇ် ဆိုတာ ငါ မကြားခဲ့မိတဲ့  စကားထာ.....
ငါ့ ကို ငါ ဘာမှန်းလည်း မသိဘူး ?
ပန်းရနံ့ လည်း မရှိဘူး ?
အလွမ်းရမ္မက် လည်းမသိဘူး ?
ခံစားသိတာ ငါ ဆိုတာ ငါ...
အရှေ့ကို လျှောက်တော့ အနောက်ရောက်တယ်...
အနောက်ရောက်တိုင်းလည်း အရှေ့ကို လျှောက်နေရတယ်...
ဘယ်မှာလဲ မနက်ဖြန် ?
အဲ့ဒါ ငါ့ >> ဘဝပန်းတိုင်တဲ့ !!!!
ဒီလိုနဲ့ ရက်တွေတိုင်း
>>>>> မနက်တွေတိုင်း
>>>>>>>>ညတွေတိုင်း
»»»»»»»ငါဆိုတာ
ဘာကောင်မှန်းတောင်မသိတော့ဘူး ?
ဒါပေမယ့် မာယာများသူက များလို့ ..
အတ္တသမားကလည်း လှော်ခတ်လို့ ...
ဒေါနဲ့ မောနဲ့  အငြင်းသန်သူကလည်း ငြင်းလို့ ...
ချစ်သူကလည်း ချစ် မုန်းသူကလည်း ပစ်လို့  ...
မနက်ဖြန် ...မနက်ဖြန်. မနက်ဖြန်.. ဆိုတာ ဘယ်မှာလဲ ?????????????
2း03း11 AM
ကဗျာ ချစ်သူ
@ Neon Poemchitthu
No comments :
Post a Comment