♪ ♫ ည အိပ်မက်တိုင်း -နွေ ရွက်သစ်ကိုင်းလည်း- ကြွေ ဝိုင်းဖွဲ့ ကာဘဝ လေပွေ ရူးခါနေ မြူးပါပေ မထူးပါလေ ပျိုရွယ်ကင်းတဲ့ ဘဝဇရာတွေ ။ ☼ ☼
Tuesday, January 15, 2013
*~*~* ဆင်းရဲ အနာ *~*~*
*~*~* မေ *~*~*
အချစ်ကြီးလို့ 
တနင့်တပိုး ရင်ဝယ်သိမ်းထုပ်
သောကနှိပ်စက် ငိုကြွေးတမ်းတ
ညတွေက ပိုလို့ သာ သတိရဖြစ်တယ်
*~*~* မေ *~*~*
အချစ်ကြီးလို့ 
ဖွဲ့ နွဲ့ တမ်းချင်း ရေးဖွဲ့ လွမ်းမော
တေးစပ်ဖြစ်တော့ 
လွမ်းရင်းငိုမော
ကြင်ဖော်ဝေးပေါ့ အတိတ်နေ့ ကို
ပိုလို့ သာဖြင့် လွမ်းခဲ့မိတယ်
*~*~* မေ *~*~*
ပိုလို့ သာပဲ အကြင်နာပိုဖြစ်
မခွဲခွါခင် ဖွဖွတွတ်ထိုး
မေ့~~အချစ်ဦးပေါ့
မိုးအလင်းထိထိုင် နှင်းရည်ဥတဲ့
မျက်တောင်ဖျားနဲ့  ကြာညိုနံ့ သင်း
နူတ်ခမ်းဖူးက နမ်းအုန်းပါလား
မောင့်~ ပါးပြင်
*~*~* မေ *~*~*
ချစ်ခဲ့ခြင်းက အခုတော့ဖြင့်
သီးကင်းငယ်လို နှင်းခါးခက်ရိုက်
လေမုန်နှက်တော့  ကြွေမွမြေခ
ကယ်သူ မဲ့ဖြင့်
မောင့်~~~
ဘဝလေး သေပြီထင်
*~*~* မေ *~*~*
ဘယ်လို ဘယ်အရာ
နှစ်ဦးသားကို နှင်ခွါဝေးတော့
ရာသီမသိ ပန်းလည်းမသိ
မောင်~~~ မသိတော့
ရာသီလည်းညှိ ပန်းလည်းညှိ
မေ~~~ သာသိပေါ့
မေ~~ မရှိတော့
ဆောင်းနှင်းပန်းလည်း
မပွင့်ဘူးထင်
*~*~* မေ *~*~*
ကွာဝေးမှုကြောင့် ဆင်းရဲ အနာ
ရင်ဝယ်ရှိတော့ လွမ်းဆွတ်ခံစား
နာရီတွေများ ရာသီတွေစား
နေပူမိုးရွာ နှင်းထုဝေထဲ
ညနေ့ မပျက် ကာလရွက်ဟောင်း
ရွက်သစ်ပြောင်းကြွေ
အိပ်မက်တွေနဲ့  ဖြစ်တည်ကာလ
နေ့ ည မပျက်တော့
ဆင်းရဲ အနာသာ ပိုတယ်လေ
*~*~* မေ *~*~*
ချစ်ခဲ့ခြင်းဟာ ဆင်းရဲစရာ
ဖြေသိဘာသာ နေမချိတော့
နှလုံးပူနွေး သွေးကြောလှည့် ပတ်
မေ့မရခြင်းက မရပ်တန့် တော့ 
ပိုးဖလံမျိုးလို ပြေးဝင်တိုးပေါ့
အပူမီးမှာ ငါပျော်ပိုက်မည်
သံသရာမှာ မိုက်မဲစွာပင်
ချစ်တော့မည်
*~*~* ♥ *~*~*
*~* ♥ *~*
* ♥ *
♥
20 * 11 * 2011
☼ တမ်းချင်း ☼
ကဗျာ ချစ်သူ
@ Neon Poemchitthu
Labels:
ကဗျာ - ၀၄၂
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment