♪ ♫ ည အိပ်မက်တိုင်း -နွေ ရွက်သစ်ကိုင်းလည်း- ကြွေ ဝိုင်းဖွဲ့ ကာဘဝ လေပွေ ရူးခါနေ မြူးပါပေ မထူးပါလေ ပျိုရွယ်ကင်းတဲ့ ဘဝဇရာတွေ ။ ☼ ☼
Monday, January 14, 2013
☺☺☺ ဘယ်သူ တားမလဲ ☺☺☺
မစီးနဲ့ ရေ...
ရေကိုတံတိုင်း တမံတားပြီ
ကာရန်ထားလည်း
မိုးမှာ စနေ ၊ လေမှာ ရာဟု
မရွာနဲ့ ဟု
ဘယ်သူတားမလဲ ?
လေပွေသယ်ပိုက် ပြာရီမှိုင်းခိုး
ညစ်ဆိုးရနံ့  မလာနဲ့ ဟု
ပြတင်းတံခါး အလုံးပိတ်ကာ
တားနိုင်ပါလည်း
လေမှာ ရာဟု မတိုက်နဲ့ ဟု
လေရူးမုန်တိုင်း မွှေနှောက်ရန်ပြု
ဖြစ်တည်ဖူးတဲ့ ဒီလေရူးကို
ဘယ်သူတားမလဲ ?
မကြည့် လေနှင့် မေ့မျက်ဝန်းဆီ
ခက်ထန်မာတင်း အကြည့်စိမ်းစိမ်း
မေ..ရှောင်တိမ်းလည်း
မမြင်နဲ့ ဟု ပန်းနုရောင်သန်း
ရစ်ခြုံးလွှမ်းတဲ့ မျက်နှာလေးကို
အကြင်နာနွေး ခြေရာလေးထား
နှလုံးသားက ဆထောင်ပွားသည့်
မောင့်.... အချစ်ကြောင့်
မေ့.... မျက်နှာကို
" အို " ဘယ်သူများ တားလို့ ရလေမလဲ ??????????
22.5.2011
3း523း1 AM
ကဗျာ ချစ်သူ
@ Neon Poemchitthu
Labels:
ကဗျာ - ၀၂၂
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment