Monday, January 14, 2013

""" ဧဒင် ကဗျာ """


တွေ့ ဆုံခဲ့တဲ့  ဥယျာဉ်ထဲမှာ

ကဗျာငှက်ကလေးတွေ ရှိတယ် ။ ။

ရောက်ခဲ့ဘူးတဲ့ ဥယျာဉ်ထဲမှာ

ကဗျာဆိုတဲ့ မေတ္တာရေချမ်းစင်လေး



တည်ဆောက်ထားတယ် ။ ။

လျှောက်ခဲ့ဖူးတဲ့  ဥယျာဉ်ထဲမှာ

သစ္စာတွေတည်ဆောက်ပြီး

မေတ္တာတွေကာမိုးထားတဲ့ 

ကဗျာဆိုတဲ့ အိုးအိမ်ကလေးတွေရှိတယ် ။ ။

ကြယ်စင်လင်းပြီ ဘော်ငွေခင်းတဲ့

လသာညက ကဗျာတွေရှိတယ် ။ ။

ပူလောင်နှိပ်စက် မမေ့ရက်တော့

ဖွဲ့ နွဲ့ တမ်းချင်း ရေးသီကုံးတဲ့

အလွမ်းယဲ့ယဲ့ နှလုံးသွေးနဲ့ 

ကဗျာတွေလည်း ရှိတယ် ။ ။

ချစ်ရည်ကြည်နူး ယစ်မူးရူးတဲ့

ပျားပိတုန်းနဲ့ ပန်းဝတ်မှုံလို

ဆိုတေးဖွဲ့ သီ ကာရန်စပ်ပြီ

တည်ထားကတိ ပြုထားသစ္စာ

ဆက်လျှောက် ရက်နေ့ 

ကြင်နှစ်ဦးပေါ့ တွေ့ ဆုံဖူးတဲ့ 

ကဗျာဆိုတာ ရှိတယ် ။ ။

ဘဝမောမပြေ ဖွေရှာဝေးပေါ့

မွတ်သိပ် တောင်းတ ချို့ တဲ့ မေတ္တာ

" မိ " ဝေး " ဖ " ဝေး

အဖေမသိ အမေမရှိ

ကျန်နေရစ်သည့်  လောကလူ့ ရွာ

သည်ကမ္ဘာမှ သားနှင့် သမီး

ချစ်တဲ့ အမိ ချစ်တဲ့ အဖ

ထိုလူသားကို တောင်းခံမေတ္တာ

ရေးသီဖြစ်တဲ့  မေတ္တာပန်းခင်း

ဖူးငုံ ရစ်မယ့် ပန်းကလေးတွေရဲ့ 

ကဗျာဆို တာရှိတယ် ။ ။



22.5.2011

05း063း2 AM

ကဗျာ ချစ်သူ

@ Neon Poemchitthu

No comments :

Post a Comment