♪ ♫ ည အိပ်မက်တိုင်း -နွေ ရွက်သစ်ကိုင်းလည်း- ကြွေ ဝိုင်းဖွဲ့ ကာဘဝ လေပွေ ရူးခါနေ မြူးပါပေ မထူးပါလေ ပျိုရွယ်ကင်းတဲ့ ဘဝဇရာတွေ ။ ☼ ☼
Monday, January 14, 2013
♣ ♣ ဥယျာဉ် မှူး လို ငါ့ဘဝ ♣ ♣
မပိုင်ရွယ်ခူး တိတ်တခိုးနှင့်
မြတ်နိုးချစ်မိ ရွယ်စူးမိ
ပျိုးမိတဲ့ပန်း ထာဝရလန်းအောင်
စောက်ရှောက်မိတာ
ဒီရင်မှာ ~~~~~
မကြွေလည်းမွှေး
ကြွေလည်းမွှေးမို့ 
ပျားပိတုန်းကြောင့်
ဝတ်ရည်ကုန်ခမ်း
ညိုးနွမ်းနေလည်း
ဥယျာဉ်မှူးတော့
ပစ်ပယ်မရဲ အမြဲပဲမို့ 
သိမ်းဆည်းမိတာ
ဒီရင်မှာ ~~~~~
ဥယျာဉ်မှူးမို့  ထာဝရပျိုးလည်း
စွန့် ပယ်သွားကြ ဓမ္မတာမို့ 
ပျိုးနေသော်လည်း ပျိုးနေမြဲ
ညိုးနွမ်းသော်လည်း ပစ်ပယ်မရဲ
ဒီရင်မှာတော့ ချစ်နေမြဲ ~~~~~
ကဗျာ ချစ်သူ
@ Neon Poemchitthu
Labels:
ကဗျာ - ၀၂၃
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment