Saturday, April 27, 2013

♠♦♣♥↓↓↓↓↓↓↓↓↓ Lucky - 13 ↓↓↓↓↓↓↓↓↓♥♣♦♠


တကယ်ပါ အတိတ်ဆိုတာ ၆ လုံးထီ မှာ နာရီအို ကတည်းက ခြောက်လှန့် ဖူးတာ

နဖူးကချွေး ခြေမကျတာ ငရဲပန်းကိုမှ ပန်ချင်တဲ့ကောင်

လမ်းသစ်ဖေါက်မလို့ တဲ့ သွားတဲ့ လမ်း တူချင်တူမယ်

အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်ပါပဲ

ဝါကျတွေ ခဏခဏ အငှားမချနဲ့ သေချာတယ်

မင်းဘဝဟာ

ခဏခဏ ည ပါပဲ

အရောင်ဆိုတာ သဘာဝ တရားထဲမှာပဲ ရှိနေသင့်တာ

မင်းစမ်းသပ်တဲ့ ဆတူ/ မတူ အရောင်တွေအတွက် ရှိရင်းစွဲ

အရောင်တွေ ပေးဆပ်လိုက်ရတာပါ

မင်းအောင်နိုင်ခြင်းအတွက် ထိုးစစ်ဆင်ကြည့်လိုက်

တောက်ပခြင်းဆိုတာ အစက်အပျောက်လောက်ပဲ

အဲဒီအရသာတွေ ငါ မြည်းပြီးသား

၁၃ ဂဏန်းဆိုတာ နှစ်လုံးပေါင်းမှ ၄ ဖြစ်တယ်လို့ ဘယ်သူပြောလဲ ???

@
by
Neon
Poemchitthu 1:35AM24-4-13

No comments :

Post a Comment