Sunday, April 28, 2013

◙◙◙ ကောင်လေး ◙◙◙ { ကဗျာမှတ်စု }


ရှင်သန်ဖို့ ကြိုးစားဖူးပေမယ့်

မိုးနည်းရပ်ဝန်းလိုပါပဲ

ရှင်သန်ဖို့ ရူရှိုတ်ခဲ့သမျှ

အငြိအစွန်းတွေ

အနံ့ စိမ်းစိမ်းတွေ



ဘယ်သောအခါမှ

မတည့်မတ်ခဲ့ဘူး

ဒီလိုနဲ့ သေဆုံးဖို့ 

ဘယ်သူ အစပျိုးခဲ့ပါလိမ့်

လိုချင်ခဲ့တဲ့ အတားအစီးဟာ

ဟိုဘက် ဒီဘက် ရဲ့ 

အနူးညံ့ဆုံးသော ဝိသေသတွေ

ခွဲထွက်မသွားရုံလောက်ပါ

စီးဆင်းခွင့် မရတဲ့

အသံ အပိုင်းအစ နဲ့ 

မြင်နေခွင့်မရ / ခံစားခွင့်မရတဲ့

အကြည်ဓါတ်တွေ ပိတ်ဖုံးနေလောက်အောင်

ကာစီးထားတဲ့ အတားအစီးကို

ဘယ်သူ အစ ပျိုးခဲ့ပါလိမ့်

မလိုချင်ခဲ့ပါဖူး ဒီလိုနရံတွေကို

တို့ နှစ်ယောက်အတွက်

ပျိုမြစ်တဲ့ အနူးညံ့ဆုံး အလွှာတွေ

လမ်းကွဲ/ခွဲ မထွက်ရုံပါ

@by neon poemchitthu
22:4:13:-10:35pm

No comments :

Post a Comment