Sunday, April 28, 2013

)-(°•°) ညှာတံရင့် ရင့် ရွက်ဝါလူ (°•°)-(

တခါတရံ မဟုတ်တဲ့ ကာလအပိုင်းအခြားမှာ

ရွက်နုဖူးသစ်ခွင့် မရခဲ့ဘူး

ကာလစားတဲ့ ရာသီ ချိန်ကိုက်ဗုံးမှာတောင်

သီးပွင့်ခွင့် မရတဲ့ ရာသီနာတဲ့

ရွက်ဝါ

လေပြေတောင် မသယ်ချင်တဲ့ ရွက်ကြွေ

မြေပြင်အကျမှာတောင် အကျနာလို့ 

ခပ်ခပ်ကျယ်ကျယ် မညည်းတွားရဲဘူး

သနားမဲ့သူ ကယ်သူမဲ့သူ စာနာမဲ့သူ

လူ ……လူ……

လူထဲက……လူ

ညှာတံရင့်ရင့် ရွက်ဝါလူ

@ by neon poemchitthu 4:09AM204013

 @ by neon poemchitthu 4:09AM204013



No comments :

Post a Comment