Sunday, April 28, 2013

۩۞۩ လင်းအရုဏ် ရွာ အလှ ۩۞۩


ဂိမ္မန်နွေနှောင်း တစ်ဖန်ပြောင်းဘိ

မိုးလခါဝယ် ဝဿန် တိမ်တောင်

မိုးစက်ပြောင်၍ အရုဏ်က ကျင်း

ရောင်နီလင်းသော် ရွာဦးရယ်ဆီ

ဘုန်းတော် ကျောင်းညို ''' ဘွန္တော'''' သံရယ်ပြို ။ ~~~ ။


မိုးလခါဝယ် ပျိုးကောက်မယ်သာပ

ဖြိုးမောက်မယ့်

ကျီစပါးတွင်း

ပျို တို့ မောင် တောင်သူကြီးက

မိုးသောက်ယံ တောင်ယာဆင်းပေါ့

ဟန်သင့်ရယ်ပြင်

လယ်တောခွင် ယာမြေဆင်းရန်ပ

နွားတင်းကုပ်ဆင်း ။ ~~~ ။


ရွာဦးရယ်ဆီ

အုန်းမောင်း ရယ်ထိုးဘိ

ဆွမ်း အရုဏ် အမှီပြီးသမို့ 

ဝါတွင်းခါ ဥပုသ်သီတင်းရယ်နှင့်

တောင်သူ နှမပျို လှယမင်းရယ်က

ရွာကျောင်းတော် ချီမယ်ဝင့်ကာပ

ရွာလမ်းသို့ ဆင်း ။ ~~~ ။


ဆွမ်းအုပ်ရယ်နီ

အဖြူပေါ် အညိုဆင့်လို့ 

ခေါင်းပေါင်းထက်ဆီ

ယောဂီ ညို ချည်ထည် တဘက် ရယ်လ

လည်တိုင်ဝယ် စိတ်ပုတီးရယ်နှင့်

မြတ်ဘိ ရှု့  မငြီး ။ ~~~ ။


ရွာလမ်းရယ် ဆုံးပြီ

ရှု့ မျှော်ကြည့် တစ်ခေါ်ဝေး

ရွာဦးစေတီ ဖူးမျှော်ရပြီ

ထုံးစေတီ ထိုဘုရား

ရွာကျက်သရေ ဘုန်းမော်ဝင့်ပေါ့

ပျိုလေးတို့  အား ။ ~~~ ။


ဆီမီးရယ်ညီ

ပန်းကိုပြင် နံ့ သာကျင်း

ကြည်လင်ကာ ရေကြည်သစ်နဲ့ 

ဆွမ်းကပ် အမှီ ရွာဦးစေတီ ။ ~~~ ။


အို လှ ဘိ ထင်

ညို ညစ်ညစ် တိုင်အခြေရယ်နှင့်

ခေါင် အရှည်ရွာကျောင်း

ဆရာတော်ရယ် ဝတ်တက်ပြီးသမို့ 

ဆွမ်းအမှီ အာရုံပြုကာလ

ဝတ်ပြုခင်းကျင်း "' ပိဏ္ဍပါတ် ''' ဆွမ်း ၊ ဟင်း ။ ~~~ ။

˙·٠•●♥ Written By 1983 ÑÉÖÑ ♥●•٠·˙

No comments :

Post a Comment