Sunday, April 28, 2013

ပန်းခရမ်းပြာ ( ၁ )


ဝေလေပြီပေါ့ ပန်းခရမ်းပြာရေ **

အကြွေပန်းပေမယ့်လည်း တလူလူ လွင့်နေတဲ့ နင့် ရနံ့ 

ပင်ယံထက်ဝင့် ပင့်ဆင့်တဲ့ ပန်းပျံ အယဉ်တင့်လို့ 

ရင်နင့်အောင်လည်း မွှေး လှ တယ် ¿

ဘဝင်ခိုက်အောင် ချစ်ရတယ် ¿


ငိုလေပြီပေါ့ ပန်းခရမ်းပြာရေ **

နင့် ရဲ့ သတ္တိ မြစ်တစင်းလို စီးတဲ့ မာယာ အကွေ့ 

အကောက်တွေကြောင့်

ကြုံလို့ ဆုံလို့ ငါပြုံးပြ နူတ်ဆက်တဲ့ အခါ

နင့် မျက်ဝန်းမှာ မိုးစိမ်းရွာတယ်

ခရမ်းပြာ သီချင်း နဲ့  လွင့်တဲ့ ချစ်ခြင်း ရဲ့ ဂီတ သံစဉ် တွေကြားမှာ

ပန်းခရမ်းပြာ နင့် ကြောင့်

ငါ့ ***ဝါကျတွေ တစ်စစီ တစ်စစီ လိုက် လိုက်ကောက်လို့ 

မောဟိုက်ခဲ့ရ နေ့ နေ့  ည ည ပန်းခရမ်းပြာ သိပါလေစ ¿¿


ရယ်လေအုံးပေါ့ ပန်းခရမ်းပြာရေ **

နင် မသိအောင် ငါ သိမ်းထားတဲ့ နင့် ရယ်သံလေးတွေ နဲ့ 

ငါ့ **ညတွေဟာ အိပ်စက်ခြင်း မဲ့လို့ မိုးအခါခါ လင်းခဲ့ဖူးတယ်

တကယ်တော့ ငါဟာ နင့် သတင်းကို လွှင့်တဲ့

ရေဒီယိုလေး တစ်လုံး လောက်ပါပဲ

နင့် ကြောင့် လေလှိုင်းထန်ပြင်း ငါ့ ရင်တွင်းမှာ

ရယ်ခြင်း ငိုခြင်း အပြိုင်ခင်းလို့  လွမ်းရဖူးတယ်¿¿


ပန်းခရမ်းပြာရေ **

နင့် အမုန်းတခု နဲ့  အမြဲလင်းနေရတဲ့ ကြယ်ကလေး တစ်စင်း ကတော့

နာကျင်လှပစွာ လောင်ကျွမ်းလို့ 

မဖြေသာ ရင်ငွေ့ ခတ် တဲ့ အလွမ်းတွေ နဲ့ 

လွမ်းနေဆဲပါ လွမ်းဆဲပါ ဝေးခဲ့လေတဲ့ ပန်းခရမ်းပြာ ¿¿¿¿¿¿


˙·٠•●♥ Written By 1983 ÑÉÖÑ ♥●•٠·˙
83.N.e.


မည်သူ့ ကိုမျှ မရည်ရွယ်ပါ တိုက်ဆိုင်မှုရှိက ခွင့်လွတ်စေရန်

-----------------
ချစ်သူရေ

ကဗျာ ချစ်လို့ ကဗျာရေးသည်

ချစ်သူ မှ တပါး အခြား မရှိ

လောက လူ့ ရွာ ဤ ကမ္ဘာ မှာ

ချစ်သူသာလျှင် တွယ်တာနှောင်ရစ်

ချစ်တိုးရစ်၍ ဆက်ချစ်နေမည် ချစ်နေသည်

------------------------=--------=--------=--------=
19.11.2012
1:36AM

No comments :

Post a Comment