Sunday, April 28, 2013

ဘော်စတွန်ည { ကဗျာမှတ်စု }

ကိုယ်အမှားလား ?

ကိုယ်အမှန်လား ?

မင်းမှားလား ?

မင်းမှန်လား ?

ကိုယ် ခုထက်ထိ ဝေခွဲ မရ သလို ခုထက်ထိလည်း



ဆုံးဖြတ်နိုင်စွမ်း မရှိ သေးဖူး ချစ်သူ

ကိုယ် စိတ်တွေ ထွက်ပေါက် မဲ့နေတုန်း

တကယ်ဆို ဘော်စတွန် က မာရသွန် အပြေးသမားတွေ

တကယ်ဆို ဘော်စတွန် က မျိုးချစ်စိတ် ရှိတဲ့ ဧည့်ပရိတ်သတ်တွေလောက်

ကိုယ်ရင် ပူလောင်မှုမရှိခဲ့ပေမယ့်

မင်းအတွက် ကိုယ် စိတ်ထွက်ပေါက် တခု

ပေးခဲ့ပါတယ် ကြိုက်သလိုသာ

မင်းခေါင်းစဉ် တပ်လိုက်ပါ

ကိုယ်မင်းကို မုန်းဖို့ မပြောနဲ့ 

မုန်းတယ်ဆိုတဲ့ စာသားတစ်ခုတောင်

ရဲရဲဝံ့ဝံ့ ချမရေး ခဲ့မိဖူး

မြန်မာနိုင်ငံသားတွေ အားအားရှိ

အွန်လိုင်းမှာ အကောင့် အမျိုးမျိုးနဲ့ 

vote ပေးနေကြတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ

နန်းခင်ဇေယျာ ကို မြန်မာ နိုင်ငံသူ

တစ်ယောက်အနေနဲ့ စေတနာပိုမိတယ်

မြန်မာနိုင်ငံသား ကိုယ် vote ပေးတာ

ခုနှစ်ကြိမ်မကဖူးးးးး

ခုတော့ ကိုယ် အမေစုကို ချစ်တယ်

နို်င်ငံ မိခင် တစ်ယောက် အနေနဲ့ ပေါ့

ကိုယ်ရင်ထဲက သောကတွေ

ကိုယ်ရင်ထဲက မငြိမ်းချမ်း မှုတွေကြောင့်

ခု vote 80% ရတာတောင်

ကိုယ်တချက်ကလေး လှည့်မကြည်ဖြစ်ခဲ့ဖူး

မနက်တော့ ကိုယ် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်မှာ

ဝပ်တွားခရ ဆုထူးခြွေပါရစေ

ကိုယ်နှစ်ယောက်လိုရော

ဘော်စတွန်က ပြည်သူတွေလိုရော

ကမ္ဘာသူ ကမ္ဘာသားတွေ

မခံစားရစေဖို့ ပေါ့

အမေစုရဲ့ အောင်မြင်မှုတွေ

အဓွန့် ရှည်ဖို့ နဲ့ 

သတင်းသဲ့သဲ့ ကြားခဲ့ရတဲ့

ဘယ်ပါတီနဲ့ မှ မတူတဲ့ အောင်မြင်မှုရရှိလာမဲ့ ပါတီဟာ

ချာပါတီ မဖြစ်လာစေဖို့ ကိုယ်ဆုတောင်းခဲ့ပါမယ် ချစ်သူ

လောလောဆယ်တော့

Kinponsakhan မှာ လူမရှိဖူး

Inter Net Connection မကောင်းဖူး

သေချာတာ တစ်ခုကတော့

ကျွန်တော် ဝင်းသန်းပါဆိုတဲ့ လူလည်း မကယ်နိုင်ခဲ့ဖူး
 

D' Status တောင်

ကိုယ်ဖုန်း HTC မဟုတ်လို့ 

ယက်ကန်ယက်ကန် တက်နိုင်ခဲ့တယ်

ချစ်သူ

No comments :

Post a Comment