Sunday, April 7, 2013

Ƹ̵̡Ӝ̵̨̄Ʒ ♥ Ƹ̵̡Ӝ̵̨̄Ʒ အမှောင်ချထားတဲ့ ညတွေ Ƹ̵̡Ӝ̵̨̄Ʒ ♥ Ƹ̵̡Ӝ̵̨̄Ʒ

ကြိုက်သလိုသာ ခေါင်းစဉ်တပ်လိုက်

ငါ့.…ည အခရာ ထဲမှာ

ငါဟာ ကဗျာသမားပဲ

ခပ်ကြီးကြီးမကြိုက်တတ်လို့ လားတော့ မသိ

နီကိုရဲ ကိုအားကျဖူးတယ်

မူကြိုတန်းထဲက ခုထက်ထိ ငါ့လက်ရေးက

သေးနေတုန်း

ခဏခဏ အမှောင်ချတဲ့ ညည တွေထဲမှာ

ပုဇွန်ဆီရောင် တိမ်တွေရှာဖူးတယ်

စာဥ သီချင်းကို အန်အန်ထုတ်လို့ ဆည်းဆာတွေကို

လွမ်းဖူးတယ်.…¿…¿…¿…¿…¿

တခါရံမဟုတ်ပေမယ့် တလှည့်စီ စီးတဲ့ အလင်းမြစ်ထဲမှာ

ကြယ်တွေကို ရှာဖူးတယ်

ဘယ်သူ့ မှမသိတဲ့ ဗန်ဒါပင်အောက်က

ရေးလက်စ ငါ့ကဗျာတွေ

အဆုံးမသတ်သေးတော့

ဟို.…တ…စ

ဒီ……တ……စ .… နဲ့ 

အလွမ်းတွေလို ပြန့် ကျဲလို့ ပေါ့ကွယ်။

@
by
Neon
Poemchitthu
13/3/29-1:29AM

2 comments :

  1. လွမ်းဖူးတာ ... အလွမ်းကို ဖူးတာ ... အလွမ်းတွေက ဖူးလာ ...

    ReplyDelete