Friday, March 29, 2013

♥်~♥်~ အတာသို့ ~♥်~♥်

စိမ်းစိမ်းစိုစို မြကျောက်ပျို

ပျိုးပျိုးပြက်ပြက် အရောင်လက်၍

ညက်ညက်ညင်းညင်း ရနံ့ သင်း

လှဆင်းသင်္ဂီ

ဝါရွှေရည်

စီကာရီခါ

တည်တော့မည် ။

ပန်းပိတောက်ဖူး နှစ်သစ်ကူးဖို့ 

မြူးရွှင်လန်းဆန်း အတာပန်းနှင့်

နွမ်းနယ်နှစ်ဟောင်း နှစ်သစ်ပြောင်းဖို့ 

သောင်းဖြညီညီ

စီရရီချီ

သီတာသဘင်ပွဲသို့ ရည် ။

@
by
Neon
Poemchitthu
13/3/23-3:05AM
13/3/26-6:35AM

No comments :

Post a Comment