Monday, January 14, 2013

ကောင်မလေး အတွက် ( ၇ )


ငါ့ ရဲ့ လမင်းလေး

တခဏတာတော့ ကွယ်လေမပေါ့

မင်းလည်း လွမ်းနေမလား ?

ငါလည်းလွမ်းနေရတာပေါ့ !!!

ငါ့ ရဲ့  ကဗျာကလေးတွေနဲ့ 

တွေ့ ဆုံခြင်းအစမှာ



မင်းရဲ့ ချစ်ခြင်းတွေ

ငါ့ရဲ့  ကမ္ဘာတခုလုံးကို ဆွတ်ပျံလို့ ပေါ့

လမင်းကလေးရယ် !!!

တခဏတာ ခွဲခွါရခြင်းအတွက်

တဘဝစာ ချစ်ခဲ့ရခြင်းတွေ

သိုလှောင်ရင်းက

ကိုယ်ပိုင် စွပ်ကြောင်းလေးအပေါ်မှာပဲ

မျှားနေခွင့် ရတဲ့  ငါ့ အတွက်တော့

လမင်းကလေးရဲ့ 

အလွမ်းကဗျာတွေလည်း

လိုအပ်လိမ့်မယ် ထင်ပါရဲ့ !!!

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

No comments :

Post a Comment