Monday, January 14, 2013

~ ♥ ~ ချစ်သူ သိစေ ~ ♥ ~


အိုး~~~~~ ချစ်သူ

အရာရာကို စိတ်ပူတတ်တဲ့  မင်း

နေထိုင်လို့ မှ ကောင်းရဲ့ လား ။ ။

အိုး~~~~~~ချစ်သူ

အရာရာကို တွေးပူတတ်တဲ့  မင်း

ကိုယ့်အတွက်များ စိုးရိမ်

မကင်းဖြစ်နေမလား ။ ။

အိုး~~~~~~ချစ်သူ

မင်းအသံလေးကိုကြားယောင်ပြီး

မင်းမျက်နှာကလေးကို မြင်ယောင်ရင်းက

မိုးမဆုံး မြေမဆုံး တွေးတောနေတတ်တော့

အိပ်ယာထဲမှာ " ငါ " ငေးငိုင်လို့ ပေါ့ ။ ။

အိုး~~~~~~~ချစ်သူ

မင်းဟာ " ငါ့ " ရဲ့ ရှေ့ဆက်နေ့ ရက်တွေကို

ပိုင်ဆိုင်တယ် !!!

မင်းဟာ " ငါ့ " ရဲ့  မနက်ဖြန်ကိုလည်း

စိုးမိုးတယ် !!!

မင်းဟာ " ငါ့ " ရဲ့  ဘဝကိုလည်း

နေခြည်နုနဲ့  နွေးစေတယ် !!!

အိုး ~~~~~~~ချစ်သူ

မင်းဟာ နှင်းဆီခင်းထဲ လင်းတဲ့

အလင်းထက် တောက်ပတယ် !!!

ဓူဝံ ကြယ်လို လမ်းပြတယ် !!!

ခုနှစ်စင် ကြယ်လို အမှတ်ရစေတယ် !!!

ရောင်စဉ်ခုနှစ်သွယ်နဲ့  သက်တန့် တွေလို

" ငါ့ " ဘဝကို ဆေးခြယ်တယ် !!!

ခါနွေဦးရဲ့ တောပန်းချီကားထက် လှပတယ် !!!

မင်းရဲ့ အသံကလေးဟာ

" ငါ " ကြားဖူးသမျှ

တေးသံသာထက် နူးညံ့ တယ် !!!

အိုး~~~~~~~ချစ်သူ

မင်းအကြောင်းကို တွေးမိရင်း

ဖွဲ့ နွဲ့ လို့ တောင် ကုန်နိုင်ပါ့မလား !!!

" ကိုယ် " ကြားဖူးတယ် )))

" ချစ်ခြင်းမေတ္တာ ဟာ သိပ်နက်ရှိုင်းသွားတဲ့ အခါ

ကမ္ဘာလောကထဲမှာရှိတဲ့ ဘယ်အရာကမှ

သတ်ဖြတ်သုတ်သင်လို့  မရဘူး " တဲ့

တကယ်ပါ ~~ ချစ်သူ

" ငါ့ " ဘဝ

" ငါ့ " ကမ္ဘာ

" ငါ့ " မနက်ဖြန်ကို

မင်းသာ ပိုင်ဆိုင်တယ် !!!

မင်းသာ စိုးမိုးတယ် !!!

နင် ယုံကြည်လေတော့

ချစ်တဲ့ သူ !!!



26.5.2011

123း5း06 AM

ကဗျာ ချစ်သူ

@ Neon Poemchitthu

No comments :

Post a Comment