Monday, January 14, 2013

~☼~ မလွမ်း နဲ့  မေ ~☼~


ဝရန်တာ ထွက်

အာကာပြင် ဘက်

ဦးတည် ရပ် !!!

လည်တိုင်ကို မော့

" လ " ကိုကြည့်တော့

ကို့  .......



မျက်နှာလေးရေးရေးမြင်ပေါ့ !!!

နှင်းဆီဖြူ ကလေးချစ်ကြည်စွာ မွှေး

ကို့  .......

ကိုယ်သင်းရနံ့ သင်းသင်းကလေး !!!

လေပြေ ပြေးဆော့

ကြွေလေ သေးပေါ့

ကြွေသော ရွက်ကြွေ

ကို့  ......

စကားသံ ကလေးပဲထင်မှတ်လေ !!!

ပိုး ဖဲ ကတ္တီ

ခေါင်းအုံး မှီလို့ 

ကဗ္ဗလာ နီထွေး

ခြုံကာ ထွေးပေါ့

ကို့  ......

ကိုယ် ငွေ့ ဓါတ်နွေးနွေးလေး !!!


2.6.2011

5:43: 09 PM

ကဗျာ ချစ်သူ

@ Neon Poemchitthu

No comments :

Post a Comment