ငါ့ရဲ့...... နှလုံးသားထဲ
ဖြစ်တည်ခဲ့တဲ့ ခံစားချက်နဲ့
စိတ်ကူးတွေထဲ ဆောက်တည်ခဲ့တဲ့
မျှော်လင့်ခြင်းတွေဟာ
ဟေမာန်ညရဲ့
မြူနှင်းပွင့်လေးတွေနဲ့တူတယ်
ဒါပေမယ့်.....ငါအပေါ်ဆက်ဆံတဲ့
အပြုအမှုတွေနဲ့
စူးရှတောက်ပတဲ့ မျက်ဝန်းအကြည့်တွေက
ဟေမာန် မနက်ခင်းရဲ့
နေခြည်နုနုလေးတွေတူတယ်
ဆောင်းညရဲ့ မြူနှင်းတွေက
နေခြည်အောက်မှာ
ဝိုးတ၀ါး မှေးမှိန်ပျောက်ကွယ်ခဲ့ရသလိုပေါ
(ဒါပေမယ့်....)
အတုံ.အလှည့်ဆိုတဲ့
စကားလုံးကို မင်းအတွက်လို့တော့
ငါ........
မသတ်မှတ်ခဲ့ပါဘူး...
ချစ်သူ !!!!!!!
28.2.2006
11:00:36 pm
ကဗျာ ချစ်သူ
@ Neon Poemchitthu
No comments :
Post a Comment