♪ ♫ ည အိပ်မက်တိုင်း -နွေ ရွက်သစ်ကိုင်းလည်း- ကြွေ ဝိုင်းဖွဲ့ ကာဘဝ လေပွေ ရူးခါနေ မြူးပါပေ မထူးပါလေ ပျိုရွယ်ကင်းတဲ့ ဘဝဇရာတွေ ။ ☼ ☼
Thursday, January 10, 2013
ကောင်မလေး အတွက် ( ၄ )
အကြင်နာ မြင်ရုံနှင့်သိ
တပြည်ကွာ ရင်မချိ
အနေမထိ ပဟေဋိ
အဖြေရှိတာ မေအသိ
အမှုပိုပို မသိနိုး
တိမ်းရှောင်မှုကဆိုး
အ၀င်နက်တဲ့ ဆူးတချောင်းရယ်
နူတ်ရခက်လွန်းတယ်
(ဒီလိုနဲ့ ပဲ)
လေယူရာတိမ်း
မျောချင်တိုင်းမျောနေတဲ့ လှေတစင်း
လှော်ရင်းနဲ့ တက်ကျိုးခဲ့ရသလို
ကြွေချိန်မတန်ပဲ ကြွေခဲ့ရတဲ့
မုန်တိုင်းဒဏ်ကြားက
ရွက်ကြွေတွေလိုကစဥ့်ကလျားနဲ့ 
ရွှေရောင်နေ့ ရက်တွေကိုတော့ငံလင့်မိတာပေါ့ !!!!!!!!!
25. 6 .2004
2း453း6
ကဗျာ ချစ်သူ
@ Neon Poemchitthu
Labels:
ကဗျာ - ၀၁၆
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment