တခါတရံ မဟုတ်တဲ့ ကာလအပိုင်းအခြားမှာ
ရွက်နုဖူးသစ်ခွင့် မရခဲ့ဘူး
ကာလစားတဲ့ ရာသီ ချိန်ကိုက်ဗုံးမှာတောင်
သီးပွင့်ခွင့် မရတဲ့ ရာသီနာတဲ့
ရွက်ဝါ
လေပြေတောင် မသယ်ချင်တဲ့ ရွက်ကြွေ
မြေပြင်အကျမှာတောင် အကျနာလို့ 
ခပ်ခပ်ကျယ်ကျယ် မညည်းတွားရဲဘူး
သနားမဲ့သူ ကယ်သူမဲ့သူ စာနာမဲ့သူ
လူ ……လူ……
လူထဲက……လူ
ညှာတံရင့်ရင့် ရွက်ဝါလူ
@ by neon poemchitthu 4:09AM204013
@ by neon poemchitthu 4:09AM204013
♪ ♫ ည အိပ်မက်တိုင်း -နွေ ရွက်သစ်ကိုင်းလည်း- ကြွေ ဝိုင်းဖွဲ့ ကာဘဝ လေပွေ ရူးခါနေ မြူးပါပေ မထူးပါလေ ပျိုရွယ်ကင်းတဲ့ ဘဝဇရာတွေ ။ ☼ ☼
Sunday, April 28, 2013
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment