စက်ခလုပ်ဖွင့်နေလိုက်ပုံများ
သက်တမ်း နှင့် ကြီးရင့်ခြင်း ကို
တကိုယ်တည်း အပြစ်တင်နေမိတယ်
အမှားများတဲ့ ဦးနှောက်
အဖျက်ရာတွေနဲ့  အချိုးကျကျ
လှနေတယ် …¿…
တရှပ်ရှပ်နဲ့ ကြားနေရတယ်
အမှောင်ထည် တခုထဲက ခြေသံ
ကြီးကောင်ကြီးမားနဲ့ လမ်းလျှောက်သင်ဖို့ 
အခုမှ စိတ်ကူးရခါစ
တပ်မက်မှုဆွဲအားပြင်းချက်
ရုပ်ဝတ္ထုတိုင်းကို ဆွဲကပ်နေတယ်
သေချာတယ် …¿…
ရောဂါ ရောဂါ "စက္ကူ "၏
ရောင်ခြည်သင့်သူ …¿…
အထပ်ထပ် မျှော်ရီနေလိုက်တာ
တခါးခေါက်သံမကြားရသေးသ၍
" ဝင်လာခဲ့ပါလို့ " ပြောရမယ့်စကား
ဟိုနားချထားရမလို *
ဒီနားချထားရမလို *
အိပ်မက်တွေမက်သလို
ထားစရာ နေရာ မရှိဖူး
အထီးကျန်ခြင်းဆိုတဲ့
ဝေါဟာရ အဓိပ္ပါယ်ကို
ဟို - အက္ခရာကို ရှေးတိုးလိုက်
ဒီ - အက္ခရာကို နောက်ဆုတ်လိုက်
ဘေးဆွဲ ဒေါင်းဆွဲနဲ့ 
တစ်ယောက်တည်း အလုပ်ရှုပ်နေတာ
အငိုက်မှာ ခိုးအနမ်းခံလိုက်ရတယ်
အေးခနဲ !!
ခင်တွယ်စရာ ဟေမာန်၏ ပြယုဂ် တခု
အများရဲ့ သတ်မှတ်ချက်ထဲမှာ
သူ့ ဘဝ သူပျော်နေလိုက်များ
'' မြူ '' တဲ့ ခေါ်ဝေါ်သမုတ်လိုက်ကြတာ
သူ ကျေနပ်နေပုံရတယ်
ဟော တကိုယ်လုံးရွှဲလို့ 
ဒိုင်လူကြီးလည်း မရှိပါဖူး
အားပေးမယ့်ဧည့်ပရိတ်သတ်လည်းမရှိ
ပြိုင်ပွဲဝင်ဖို့ ကြိုးစားနေလိုက်တာ
နွမ်းနယ်နေလွန်းလို့ လား မသိဖူးဗျ
နာရီစက်သံတွေ မကြားရတော့ဖူး
အပ်ကြောင်းအထပ်ထပ်
အော်ဟစ်နေလိုက်ပုံများ
မြူ <<<^>>> မြူ
မြူ <<<^>>> မြူ
မြူ …_…
အနိုင်လား?
အရှုံးလား ?
သေချာမသိပေမယ့်
ခုထက်ထိတော့ ခပ်ဝေးဝေးကို
စမ်းတဝါးဝါးလျှောက်နေတုန်းး
@by Neon Poemchitthu
13/3/11-2:25AM
No comments :
Post a Comment