Monday, January 14, 2013

ကောင်မလေး အတွက် ( ၈ )


ဒီနေ့  ))))))

လက်ယက် မခေါ်ခဲ့ဘူး !!!

မဖိတ်ခေါ်ပဲ ရောက်လာခဲ့တာ

ကိရိယာမဲ့ စကားပြောစက်နဲ့ ပေါ့ !!!

ငါ,,,,,

ကြားခဲ့တယ် ))))))

မစဲတော့မယ့်

မိုးလိုပဲ

ရွာချပစ်လိုက်တာ

သဲကြီးမဲကြီး

ဘယ်အညိုး ကြောင့်ပါလိမ့် !!!

နင်,,,,,

မကျေနပ်သေးဘူး

စိတ်လို လက်ရ

ခေါ်ဆောင်လာတာ

ဝမ်းနည်းမှုတွေ

ပူဆွေးသောကတွေ....

ငါ,,,,,

မလို လားအပ်တဲ့

ဘာသာစကားတွေနဲ့ 

မစားသုံးချင်တဲ့

အစာအဟာရကို

ဘာလို့ .... နင်

တိုက်ကျွေးခဲ့ရတာလဲ ?????


ကျန်နေခဲ့ရတဲ့

ငါ ,,,,,

နာကျင်နေရတဲ့

နှလုံးသား

တဆက်ဆက်ခါရင်းက

သွေးစိမ်းရှင်ရှင်

စိမ့်ယိုလို့ ပေါ့ !!!

ချက်ချင်းပဲ

ဆွံ့ အသွားခဲ့ရတာ

အထိန်းအကွပ်မဲ့

လေဟာနယ်ထဲ

ပြုတ်ကျခဲ့ရသလို ပါပဲ !!!

မွေးကင်းစ

ခလေးငယ်တယောက်လို

ငိုကြွေးဖို့ ပဲ

ငါ ,,,

သိတတ်ခဲ့တယ် !!!

ဆာလောင်လွန်းလှလို့ 

တဆက်ဆက် တုန်နေရပေါ့

နင် ,,,, ကို

ချစ်မိခဲ့ခြင်းဟာ

ဒါ ,,,, ငါရဲ့ 

အတ္တလား ????

နင် ,,,,

ယူဆောင်သွားပါ

ကြည်ဖြူစွာနဲ့ 

ပေးပစ်လိုက်မှာ

ဟော့ဒီကောင်ရဲ့ 

နှလုံးသား !!!

7.6.2011
2:47:25PM

ကဗျာ ချစ်သူ

@ Neon Poemchitthu

No comments :

Post a Comment