♪ ♫ ည အိပ်မက်တိုင်း -နွေ ရွက်သစ်ကိုင်းလည်း- ကြွေ ဝိုင်းဖွဲ့ ကာဘဝ လေပွေ ရူးခါနေ မြူးပါပေ မထူးပါလေ ပျိုရွယ်ကင်းတဲ့ ဘဝဇရာတွေ ။ ☼ ☼
Thursday, January 10, 2013
~~ကြာဆစ် ကြိုး ~~
ရုတ်တရက် တွေ့ ဆုံပြီး တစ်ခဏအတွင်းမှာ
ခွဲခွါခဲ့ရတော့ ခံစားမှုပေါင်းစုံနဲ့ငါ့....
အလွမ်းတွေကို ထမ်းပိုးလို့ 
မပျော်တ၀က် ပျော်တ၀က်
နိုးတ၀က်ညတွေနဲ့ 
မိုးစင်စင်လင်းခဲ့ရ
ညပေါင်းကုဋေ .......
ဘ၀တခုမှာ အချစ်ဦးအဖြစ်
ကိုယ့်....အသည်းဦးမှာ
ထာဝရမြတ်နိုး ချစ်ခဲ့ရတာ
မြက်တပင်လို အမျှင်မရှိ တိခနဲပြတ်တတ်တဲ့
သစ်စိမ်းချိုးလို တော့မစိမ်းကားလေနှင့်
ကြာတစ်ရိုးလို ချိုးဖြတ်သော်လည်း အမျှင်တွဲနှင့်
ခွဲခက် ခွါခက် မစွန့် ရက်တဲ့
ကြာဆစ်ကြိုး ဘ၀လို ထာဝရ ချစ်နေမှာငါ....
ငါ့...ရဲ့ ချစ်ခြင်းမှာ မရောင့်ရဲနိုင်တဲ့အထိ
မင်းဟာ လှပတယ်...
အရာရာကို နေသားတကျ စီစဉ်ချင်တဲ့
စိတ်ကူးယဉ် အနာဂတ်တခုလုံးပုံပြီး
မင်းကို ယုံကြည်စွာချစ်ခဲ့ရတာ ငါပါ.....
မလှောင်လိုက်ပါနဲ့ ကောင်မလေးရယ် !!!!!
'D' ကောင်ချစ်ခဲ့ ရပါတယ်.....
အချစ်ဆိုတဲ့ အရာမှာ ဦးနှောက်မရှိခဲ့ပေမယ့်
ဦးနှောက်ရှိတဲ့ လူသားတွေကိုတော့
ရူးသွပ်စေနိုင်စွမ်းရှိခဲ့တာကို
မင်းလက်ခံစေချင်တာ ငါပါ.....
မင်းရဲ့ ပစ်ခတ်ဖမ်းဆီးခြင်းကိုခံဖို့ 
ကိုယ့် ကို ကိုယ် ထိုးကျွေးနေတဲ့
သားကောင်ဟာ ငါပါ.....
တကယ်တော့ မုဆိုးကိုလိုက်လံရှာဖွေနေတဲ့
အမိုက်မဲဆုံးသားကောင်က အချစ်ပဲပေါ့........
အချစ်ရဲ့ စွမ်းပကားတွေကို ထင်ရှားပေါ်လွင်စေခြင်းငှာ
ဒီတည.......မင်းငါ့ကို အိမ်မက်မက်ပါလား ချစ်သူ !!!!!
14.5.2011
9း40း51PM
ကဗျာ ချစ်သူ
@ Neon Poemchitthu
Labels:
ကဗျာ - ၀၁၈
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment