Tuesday, January 15, 2013

အပိုင်း အစ ( ၁ )


မျက်စိနောက်တယ် .....

နင့် ....အတ္တတွေနဲ့ 

ခဏခန လှီးဖြတ်နေရအောင်

ငါက ပန်းသီးတလုံးမဟုတ်ခဲ့ဘူး ....

နင်က ဆရာ လား ?

စိတ်လို လက်ရ

ရေးလိုက် ခြစ်လိုက်

ခဏခန ရေးလိုက်

ဖျက်လိုက်နဲ့ 

ငါကခဲဖျက် မဟုတ်ဘူး ...

ခဲတံလည်း မဟုတ်ခဲ့ဘူး ...

စာရွက်တရွက်လည်း မဟုတ်ခဲ့ပြန်ဘူး.....

နင် က ဆရာလား ?

လောကမှာ နင်မသိတာတွေ

ရှိနေသေးတယ်.....

ကျောက်သင်ပုန်းကို ပိုက်

ကျောက်တံကို ကိုက်

ရိက္ခာကို ပိုက်

သေရွာကို လိုက်

ဗဟုသုတ တွေ တိုးပွားမယ် ...

ဆရာလို လို ဘာ လို လို တော့

လာမလုပ်နဲ့ ........

အမေကတော့ပြောသား

" လူ့ အောက်ကျို့ လို့ မသေဘူး ၊

သစ်ပင်အောက်ကျို့ ရင် သေမယ် " တဲ့ 

သိတယ် !! မဟုတ်လား ?

ငါက တေလေ ခရီးသည်လေ

အမေ့ .......စကား

ဒီတခွန်း နင့် အတွက်ကြောင့်

ငါ....ဘယ်တော့မှ နားမထောင်ဘူး ...

နင် ကလူတိုင်းကို

အပေါ်စီးက ဆက်ဆံနေရအောင်

အမြဲတန်း လေယာဉ်ပျံ ခွစီးနေလို့ လား ?

ငါကြားဖူးတယ်....

" အပင်မြင့်လေ လေတိုက်ကြမ်းလေ ၊

အမြင့်ရောက်လေ အကျနာလေပဲ "

ဒဏ်ကြေဆေးတစ်ဗူးတော့

နင် ဆောင်ထားပေါ့....

ငါရေးတာ ကဗျာတပုဒ်

မဟုတ်ခဲ့ဘူး...

" Balfour , Arthur James " ရဲ့ 

စကားကို ငါ အမှတ်ရခဲ့ လို့ 

" Biography should be written by an acute enemy "



13း6း13 AM

11.6.2011

ကဗျာ ချစ်သူ

@ Neon Poemchitthu

No comments :

Post a Comment