Friday, December 28, 2012

ကောင်မလေး အတွက် ( ၁ )


မဟူရာထက် နက်တဲ့ ညမှာ

ငါ့ ကော်ဖီခွက်

နင် မှောက်ချခဲ့တယ်

ခါးသက်စိမ့် တဲ့ ရမ္မက်မှာ

ငါ ငြိတွယ်နြေ

ပီးသား ဆိုတာ မှန်တယ်

ဒီ ရနံ့ တွေ တွယ်ဖက် နေခဲ့ပြီးသားဆိုတာ

ငါ မပြောပေမယ့်

နင် သိခဲ့သင့်တယ် ကောင်မလေးရယ်

ငါ နင့်ကြောင့် ဖြစ်တဲ့

အလွမ်းခါးခါးတွေကို မုန်းတယ်

ငါ နင့်ကြောင့် ဖြစ်တဲ့

အလွမ်းရနံ့ တွေကို မုန်းတယ်

အလွမ်းဆိုတာ ခံစားလို့ ကောင်းတဲ့

အရသာမှ မဟုတ်တာ ကောင်မလေးရယ်

ဒါတွေကို ငါ ဘယ်လို မျိုချရပါမလဲ

ငါ့ရဲ့ ချစ်ခြင်းတွေကို

ခေါင်းစဉ်ခပ်ကြီးကြီး တပ်ဖို့ ဆိုတာ

ငါ့ အတွက် နေရာ အခက်ခဲဖြစ်တယ်

ငါ့ ရဲ့ ရင်ခုန်သံ အရိုင်းတွေကို

ဥပေက္ခာပြုနိုင်ခဲ့တဲ့

မင်းကို…^`°´^… …^`•´^…

အပြစ်မတင်ရက်ပေမယ့်

ငါ့ ကံကြမ္မာ ကို ငါ မုန်းတယ်

ငါ သာယာပျော်မွေ့ ခဲ့ဖူးတဲ့

နင့် စကားသံလေးတွေ

ဘာလို့  နားဝင် မချိုတော့တာလဲ

ကောင်မလေးရယ် …^`°´^… …^`•´^…

နင့် ကြောင့် ငါ နှစ်သက်တဲ့ သံစဉ်တွေ

ပျောက်ရှခဲ့တဲ့ ညမှာ ငါ တစ်ယောက်ထဲ

Alex ရဲ့ လွမ်းရက်တွေအကြောင်း

ခပ်တည်တည်နဲ့ ဆိုဖူးတယ်

ဒါပေမယ့် နင့် စကားသံ လောက်တော့

ငါ့ ကို မနှစ်သိမ့်နိုင်ပါဖူး ကောင်မလေးရယ်

ကဗျာချစ်သူ
@Neon Poemchitthu

No comments :

Post a Comment