Sunday, December 8, 2013

အရှိမဲ့ - နင်းကြမ်း




အက္ခရာတွေ နေရာတကျ အစီအစဉ်ချထားဖူးပေမယ့်

ရင်ဘတ်ချင်းစီးမျှောဖို့ ရာ

တန်ပြန်သတ္တိတွေ ခိုကိုးရာမဲ့ခဲ့ကြသလို

နှလုံးသား တစ်ခုရဲ့ စည်းတဖက်ခြားမှာ

ကဗျာကောင်းတစ်ပုဒ် မဖြစ်ခဲ့ဖူး !!

ဆေးစက်တခုချင်းစီရဲ့ ဂုဏ်သတ္တိ နဲ့ နှီးနှောဖလှယ်ခဲ့တဲ့



စုတ်ချက်တိုင်းမှာ အမြင် အာရုံစွမ်းကို ညင်ညင်သာသာလေး

စွဲဆောင် ယစ်မူးသွားစေပေမယ့်လည်း

ခံစားသူရဲ့ စိတ်စေတသိတ်မှာ

ပန်းချီဆရာရဲ့ တန်ဘိုးကို နားမလည်တတ်ခဲ့လို့ 

ပန်းချီကားကောင်းတစ်ချပ် မဖြစ်ခဲ့ဖူး !!!

အပြန်အလှန်/အလှည့်အပြောင်း ဆိုတာ

ကြည့်ခဲ့ဖူးတဲ့ ဟာသထဲမှာ အရယ်ရဆုံး ဇာတ်ဝင်ခန်း

ညာနေမှန်းသိသော် အူပေါက်မတတ် ရယ်မိတယ်

သူကြွယ် တစ်ယောက် ရဲ့ ဒိန်ခဲကို တပ်မက်ခဲ့ဖူးပေမယ့်

သူဆင်းရဲ တစ်ယောက်ရဲ့ ထ္မင်းကြမ်းခဲကို

သူကြွယ်တစ်ယောက် မက်မောဖူးလို့ လား !!!!

ခရီးသွားချင်း တူပေမယ့် ဝါးထရံ ဓနိမိုး ကြယ်ရောင်ထိုးတဲ့ အိမ်မှာ

သူကြွယ်တစ်ယောက်ရဲ့ အိမ်တော်ယာကို စိတ်ကူးယဉ်ခွင့် ရသလို

တစ်လမ်းတည်း လျှောက်တဲ့ နှစ်ယောက် အတူခရီးမှာ

နောက်ဆံတင်းစရာ မလိုပါဖူး

တို့ ခန္ဓာအိမ်မှာ ရိက္ခာတွေ ကုံလုံဖို့ တော့ လိုအပ်တယ်

သရဏဂုံ တော့ မပျက်နဲ့ ပေါ့ !!!!!

ပစ္စုပ္ပုန်ညဟာ မှောင်နေပါစေ

မင်း အားငယ်နေစရာ မလိုပါဘူး

ခိုး စိုး လု ယက် တို့ ကြီးစိုးတဲ့ ညမျိုးမှာ

အအိပ်ပျက်တဲ့  သူကြွယ်ကို

ငါတို့ ရဲ့ စည်းစိမ် ညမျိုး ပေးသနားလို့ 

ငါတို့ ရဲ့ ပစ္စုပ္ပုန်ညကို

အညိုရောင် အဖြစ် ပြောင်း လိုက် မယ် !!!

Ñeöñ Pɵemçhítthü

30112013-02:00

No comments :

Post a Comment