Saturday, October 19, 2013

** ဗုဒ္ဓဂုဏ်တော် ရည်စူးမျှော် **


ဗုဒ္ဓဂုဏ်တော် ရည်၍မျှော် မြတ်ဆီမီးပူဇော် ။

ရောင်ဝါထိန်ညီး မြတ်ဆီမီး ကြည့်လှရှုမညည်း ။

ကောင်းကင် လမင်း ထိန်လို့ လင်း ဆီမီးပြိုင်လို့ ဝင်း ။

လူ့ ပြည် နတ်ရွာ ဘုံထပ်မှာ ရည်စူးကော်ရော်တာ ။

အတုမဲ့ကင်း ဂုဏ်အချင်း မြတ်ဘုရားပူဇော်ရင်း ။

သစ်ပင်လေးမှာ ချိတ်ဆွဲတာ မီးပုံးလှလှပါ ။



ဝရန်တာ ခြံဝင်း စီရီခင်း ဆီမီးပူဇော်ခြင်း ။

သစ်ပင်လေးမှာ ချိတ်တဲ့ခါ နှုတ်မှ ရွတ်လေပါ ။

သစ်ပင်အုပ်စိုး ရုက္ခစိုး ပင့်ဖိတ်လှုပ်၍နိုး ။

မြတ်ဘုရားအား ပူဇော်ရန် ကျွန်ုပ်စွန့် ခဲ့ပြန် ။

ရုက္ခစိုးအား စွန့် ဆီမီး ကုသိုလ်ထိန်ထိန်ဝင်း ။

အိမ်မှာထွန်းတဲ့ ဆီမီးဟာ အိမ်စောင့်နတ်ကိုပါ ။

အိမ်မှာစောင့်ကြပ် ဒေဝါနတ် မြတ်ဘုရားအတွက် ။

နှုတ်မှရွတ်လေ စွန့် ခဲ့ပေ ရုက္ခစိုးလိုလေ ။

အိမ်စောင့်နတ်အား စွန့် ဆီမီး ကုသိုလ်ထိန်ထိန်ဝင်း ။

ခြံဝင်းထဲမှာ ထွန်းတဲ့ခါ ခြံစောင့်နတ်ဖို့ ပါ ။

နှုတ်မှရွတ်လေ စွန့် ခဲ့ပေ အိမ်စောင့်နတ်လိုလေ ။

ခြံစောင့်နတ်အား စွန့် ဆီမီး ကုသိုလ်ထိန်ထိန်ဝင်း ။

စွန့် မျှဝေငှ ကုသိုလ်ရ မြတ်ဆီမီးလိုပ ။

ကိုယ်ရောင်ကိုယ်ဝါ ထိန်လို့ လာ ဝင်းပထိန်ထိန်သာ ။

ကုသိုလ်ယူပါ မြတ်ဆီမီး လောကလှအလင်း ။

ဝင်းဝင်းပပလင်း အေးမြညရှုခင်း ။

မြန်ပြည်သာလို့ ဝင်း ။

@ by Ñeöñ Pɵemçhítthü 10:05 pm 2013/10/19


သီတင်းကျွတ်လပြည့်နေ့မှာ အားလုံး

အဓိပ္ပာယ်ရှိသော ဆီမီးပူဇော်မှုဖြင့် ပူဇော်နိုင်ကြပါစေ…။

No comments :

Post a Comment