Tuesday, April 30, 2013

☞** လွမ်းလို့ လွမ်းလို့ လွမ်းလွန်းလို့ ** { ပုလဲတတန့်၊ သန္တာတတန့် }



နွမ်းနှယ်နွမ်းနယ် လွမ်းဖွယ်ညချမ်း


တမ်းတမ်းတတ မေ့မရရက်


ညှင်းညှင်းညက်ညို ရင်ဗဟိုသို့ 




စို့ စိုက်စူးစူး တပ်အပ်မူးသော်


ရော်ရည်ရွက်ရင့် ပင်ခက်ပွင့်မျိုး


မိုးမမြင်မိ နွမ်းပါဘိ


ကျွမ်းကျွမ်းကျို့ ကျို့  တမ်းပါမို့ 


လွမ်းလို့ လွမ်းလို့ လွမ်းလွန်းလို့ ။

@
by
Neon
Poemchitthu
13/4/7-4:41AM
-----------====-------


 ဒီလိုကဗျာရေးနည်းမျိုးကို ပုလဲတတန့်၊ သန္တာတတန့်လို့ခေါ်ပါတယ်။

ဒါလည်း ရှင်မဟာရဋ္ဌသာရ ရဲ့ ရေးနည်းပါ ...

No comments :

Post a Comment