Sunday, March 3, 2013

´°` ဝါကျတစ်ခု၏ နယ်ကျွံခြင်း ´°`


ပန်းသီး တစ်လုံးတွင် အခွံ သည်လည်း

ဆေးဖက်ဝင်သည် ။

ပန်းသီး တစ်လုံးကို ရေစင်အောင်ဆေး၍

အခွံပါ တကျွတ်ကျွတ် ဝါးစားမှ

အလိုကျ နှစ်ခြိုက်တတ်တဲ့ 'ကျွန်တော်...

ပန်းသီးတလုံးအား စနစ်တကျ အခွံခွါ

လှီးဖြတ်စားသောက်တတ်တဲ့ 'သူမ…

ပန်းသီး တစ်လုံးတွင် အခွံ သည်လည်း

ဆေးဖက်ဝင်သည် ။

ပန်းသီး တစ်လုံးကို ရေစင်အောင်ဆေး၍

အခွံပါ တကျွတ်ကျွတ် ဝါးစားမှ

အလိုကျ နှစ်ခြိုက်တတ်တဲ့ 'ကျွန်တော်...

ပန်းသီးတလုံးအား စနစ်တကျ အခွံခွါ

လှီးဖြတ်စားသောက်တတ်တဲ့ 'သူမ…

တစ်ယောက်နှင့် တစ်ယောက်ဟာ

ဝါကျတခုမှာ အတူတကွ မှီခိုတယ်

ဒါကို …

အလွမ်း ' မဟုတ်ဖူးလို့ ဘယ်သူငြင်းရဲလဲ ?

ဟော…¿…¿

ပြောရင်း ဆိုရင်း ဟိုးမှာပန်းသီးတွေ

လတ်ဆတ်နေပါလျှက်နည့်

သူမ' နှင့် အတူတကွ စားတုန်းကလို

မချိုတော့ဖူးဗျာ ´°`´°`´°`´•`´•`´•`

ခိုက်ခိုက်တုန်းအောင် ချမ်းနေလိုပါ

ဖျင်ပုဝါကိုထွေး

ညမီးပုံမှာ ချွေးသိမ့်ပါလျှက်

နှစ်ယောက် အတူရှိချိန်က

ဖန်မီးအိမ်လောက် မနွေးဖူးဗျာ…

ဒါကို…

အလွမ်း ' မဟုတ်ဖူးလို့ 

ဘယ်သူငြင်းရဲလဲ…?

တကယ်ပါ ခင်ဗျား စကားလုံးတွေ

ကြိုးကိုင်းတဲ့ နာဖျားခြင်း

အပြင်းဖျားအောက် မဝပ်ဆင်းဖူးလို့ ဖြစ်မယ်

လူကြီးသူမတွေ ပြောကြတာတော့

ဒါကို…

အလွမ်းဖျား တဲ့…

ကျွန်တော်ရဲ့ ခလေးဘဝက ကုန်ဆုံးခဲ့တာ

ကြာခဲ့ပြီ ဖြစ်ပေမယ့် လူကြီးသူမတွေ

ပြောတဲ့ စကားကို ကျွန်တော်ယုံတယ်

ဟုတ်တယ်…¿…¿

ကျွန်တော် နာဖျားနေတယ်´°`´°`´•`´•`

ကြီးရင့်လာတဲ့ သက်တမ်းတခု မှာ

တခါတရံ လူကြီးသူမတွေ ပြောတဲ့

စကားတခုကို မနာခံတတ်တာ

လူဆိုတဲ့ သတ္တဝါ တစ်ကောင်ရဲ့ 

အကျင့်စရိုတ်ဗျ…

ဒါကို…

အလွမ်း' နဲ့ ဆိုင်တယ်လို့ ပြောရင်

ဘယ်သူငြင်းရဲလဲ…?

လူကြီးသူမတွေ ပြောတာ

'''အချစ်ကို မကိုးကွယ်မိစေနဲ့ တဲ့'''

ဒါကြောင့် လူဆိုတဲ့သတ္တဝါ တကောင်

လူကြီးသူမ စကား မနာခံတတ်တဲ့

သတ္တဝါ တကောင် နာဖျားပြီး

ညည်းတွားနေတယ်

လွမ်းလိုက်တာတဲ့

ဟုတ်တယ်…¿…¿

ကျွန်တော် နာဖျားနေတယ်´°`´°`´•`´•`

ဂီတ ထဲမှာ

ကျွန်တော်က စန္ဒား ချစ်ဆွေ

သီချင်းစာသားတွေ ညည်းတွားတယ်

အဆိုတော် အန်တီ မာမာအေး

သီချင်းတွေက ကျွန်တော်ကို

ပုခက်လွဲ ချော့သိမ့်တဲ့ အိပ်ယာဝင်တေး

လွှမ်းမိုး ဆိုတဲ့ အဆိုတော်ဟာ

ကျွန်တော်ကို လွှမ်းမိုး တဲ့ အဆိုတော်

ငြိမ့်ငြိမ့်ညောင်းညောင်းပင်ဖြစ်စေ

ကြမ်းကြမ်းရမ်းရမ်း မြူးကြွတဲ့

Dj သံစဉ်တွေပင် ဖြစ်စေ

ဟိုသံစဉ် အကောင်းဆုံး

ဒီသံစဉ် အကောင်းဆုံးလို့ 

ခင်ဗျား …ငြင်းမရသလို

သံစဉ်တွေဟာ အလွမ်း'နိုးစက်တွေ

ဖြစ်တယ် ဆိုတာ

ခင်ဗျား…ငြင်းလို့ မရဖူး ´°`´°`´•`´•`

justin bieber ဆိုတာ သူမ' ရဲ့ အသဲစွဲ

သူမ' မကြာ မကြာ ညည်းတွားတတ်တာ

Selena Gomez ရဲ့ သီချင်း ´°`´°`´•`´•`

Modern ရေစီးကြောင်းမှာ

Model တစ်ယောက်လို

သူမ' ကျွမ်းကျင်စွာ လှော်ခတ်တတ်တယ်

ဒါပေမယ့်…

ကျွန်တော် နဲ့ သူမ

စကားလုံး နှစ်လုံးကို ငြင်းခုံဖို့ မကြိုးစားမိပဲ

ခြွင်းချက်မရှိ ထောက်ခံ၍

အတူတကွ လက်မှတ်ရေးထိုးခဲ့ကြတယ်

ဝါကျတခုမှာ အတူတကွ မှီခိုခဲ့ကြတယ်

သူမ'ဟာ

နေကြာ'ပန်း ၏ ဘဝလိုရှင်သန်တယ်

ကြာ'တစ်ပွင့်လို သင်းပျံ့ တယ်

ကျွန်တော်'ဟာ

နေ'တစင်းလို ဖေးမတယ်

လမင်း တစင်းလို ရှင်သန်တယ်

ဒီလိုနဲ့ နေကြာပွင့်ရဲ့ 

ဝါဝင်းတဲ့လင်းရောင်ဖြာမှုမှာ

နေ'အလင်း အမှုတော်ထမ်းတဲ့နေ့ အခါ

သူမ' ပီတိဖြာလို့  ပြုံးပျော်ဖူးတယ်

ည'အခါ လမင်း' အလင်းရဲ့ အောက်

ကြာ'ပွင့် ကလေး ကခုန်နေတာ

ရနံ့ တွေ သင်းပျံလို့ 

လရိပ်အောက် ပနံတင့်နေတာ

ခင်ဗျား…

မြင်မိစေချင်လိုက်တာဗျာ

ဒီလို အပြန်အလှန် အမှီသဟဲပြုနေတာကို

တခါတရံ ကံကြမ္မာ က

မနာလိုဖူးဗျ…¿…¿

ဒါကြောင့်…

လူကြီးသူမ စကား မနာခံတတ်တဲ့

သတ္တဝါတကောင် နာဖျားနေတယ်

ညည်းတွားနေလိုက်တာများ

လွမ်းတယ် ဆိုတာ

ပါးစပ်ဖျားက မချဖူးးးးး

လွမ်းတယ်^…^

လွမ်းတယ်^…^

လွမ်းတယ်^…^

ကဲ ´_° • °_ `

ခင်ဗျားကော ကြားမိလိုက်လား ?

မယုံရင် ကြယ်တွေ မေးကြည့်

အခုလေးတင်

ကြယ်တစင်း ကြွေသွားတယ်

လင်းခနဲ ^_^

ဖျတ်ခနဲ ^_^

အလင်းတွေ …¿…¿…¿


@ by Neon Poemchitthu 13/2/26 – 3:02AM

No comments :

Post a Comment