Sunday, March 3, 2013

~°•~°•~ ခရီး ~°•~°•~


ဟော !!

ဟိုးမှာ စမ်းချောင်းလေး တခု

စမ်းရေလေးတွေ လွတ်လပ်မြူးတူးစွာ

စီးဆင်းနေလိုက်ကြတာ

အတားအဆီးမဲ့နေသလို

ခံစားရနေတယ်

မြင့်ရာမှ နိမ့်ရာ စီးဆင်းတတ်တာ

သဘာဝ တစ်ခုပါပဲ

ဒါပေမယ့်



လူတွေ နိမ့်ရာမှ မြင့်ရာသို့ 

စီးဆင်းဖို့ အားထုတ်နေလိုက်ကြတာ

ချွေးသံ တဒီးဒီးပါပဲ

တူခတ်သံတွေ

ပေါက်ပြားခတ်သံတွေကို

ဂျီးညှော် ရနံ့ တွေ ဖျန်းပတ်နေလိုက်ပုံများ

သဘာဝ ကို ဆန့် ကျင်တယ်လို့ 

ခင်ဗျားပြောမလား ?

အတွက်အချက်ကောင်းသူ

ဂဏန်း အတွက် သမားတွေကလည်း

အအေးထည့်ထားတဲ့

ဘဝ ဗူးထဲမှာ

အကြွေစေ့တောင် မလျော့ရလေအောင်

တွက်ချက်နေလိုက်ပုံများ

Calculator နဲ့ Keyboard အပေါ်

ကြွက်လျှောက်သလို

တချွင်ချွင် တချပ်ချပ်

သဘာဝ နဲ့ အညီ နေထိုင်တယ်လို့ 

ခင်ဗျားပြောမလား ?

မြင့်ရာမှ နိမ့်ရာ စီးဆင်းတတ်တဲ့

သဘာဝကြောင့် စမ်းရေတွေဟာ

လိုရာခရီးရောက်တယ်လို့ 

ပြောကြသူတွေ နဲ့ ငြင်းခုံဖူးတယ်

ခိုင်လုံတဲ့ သက်သေတခုနဲ့ 

ကျွန်တော် အနိုင်ရခဲ့တယ်

ဘာကြောင့်လဲ ဆိုတော့

စမ်းချောင်းလေး နံဘေးက

ကျောက်ဆောင်လေးပေါ်မှာ

လှိုင်းပုတ်လို့ တင်ကျန်ခဲ့တဲ့

ရေစက်လေးရဲ့ ဘဝကို စာနာမိလို့ ပဲ

တချိန်တုန်းက

ကျွန်တော်လည်း ကျရှုံးဖူးခဲ့တယ်

ခုထိ လိုရာ ခရီးကို မရောက်သေးဖူး

တချို့ ကပြောကြတယ်

တာဝန်သိတတ်တဲ့

စိတ်တခု မွေးကြည့်လိုက်

စာနာတတ်တဲ့

စိတ်တခု ရင်မှာပိုက်

စေတနာကောင်းခြင်းကို

ကျင့်သုံးလိုက်တဲ့

ဟိုလိုနေလိုက်

ဒီလိုပြောလိုက်

အရောင်စုံတဲ့ Toolbox လိုပဲ

အိုးးးးးးးး စုံလို့ ပါပဲဗျာ

ဒီလိုဆို အောင်မြင်မှုတွေ

ဖြစ်ထွန်း/တည်မြဲမယ်

လူ့ လောကကြီး အနာအဖျား ကင်းမဲ့မယ်

လူ့ လောကကြီး သာယာမယ်တဲ့

ခလေးတစ်ယောက်ရဲ့ စိတ်ကူးလို

စဉ်းစားကြည့်မိတယ်

အဲဒီ ကမ္ဘာ္ဘ္ဘ္ဘ္ဘ္ဘ္ဘမှာ

ဆရာဝန်/တပ်မက်မှု လောဘ ကို

စာလုံးပေါင်းဖို့ ရန် ဗျည်း အက္ခရာတွေ

သင်ရိုးညွှန်းမှာ ပြဋ္ဌာန်းထားမှာ

မဟုတ်ဖူးလို့ တွေးမိတယ်

အဲဒီလို ပြောကြတဲ့ လူတချို့ နဲ့ 

ကျွန်တော် ငြင်းခုံခဲ့ပါတယ်

ကျွန်တော်ယုံကြည်ချက်ကို

သူတို့ လက်ခံဖို့ ရာ

ဟဲဗီးဝိတ်တန်း အလေးမ သမားတွေလိုပဲ

မ'နိုင်အောင်ပင့်မြှောက် ကြိုးစားပေမယ့်

မျက်နှာတွေ သိသိသာသာ

အရောင်ပြောင်းကုန်ကြတာ

ကျွန်တော် မြင်လိုက်တယ်

ဒါကြောင့် ကျွန်တော်ယုံကြည်ချက်ကို

ခိုင်လုံတယ်လို့ တထစ်ချယုံကြည်တယ်

ဘာကြောင့်လည်း ဆိုတော့

ဘဝ/ခရီး လမ်း ဆိုတာ

တဖြောင့်ထဲ မသွားလို့ ပဲ

ကဲ !!

ခင်ဗျားကကော ဘယ်လိုယုံကြည်လဲ ?

@by Neon Poemchitthu
13/2/26-6:05AM

No comments :

Post a Comment