Monday, January 14, 2013

ကောင်မလေး အတွက် ( ၆ )


နင် ~~

ပျိုးခဲ့တဲ့  သစ်ပင်

ရှင်သန်နေခဲ့ ရင်တော့

ငါ ~~

ပန်းတပွင့် ဖြစ်သည့်အထိပေါ့ !!!!

ပန်ချင်ကပန်...



နမ်းချင်ကနမ်း...

မပန်မနမ်း ခပ်လှမ်းလှမ်းက

ကြည့်ချင်ကြည့်  မကြွေခင်အထိ

အစွမ်းကုန်ပွင့်ပေးရမှာပေါ့ !!!!!

ခပ်ဖျော့ဖျော့ အလင်းတွေနဲ့  ငါ ~~

ဘဝနဲ့  အတ္တတွေကြားမှာ

အမြဲ ကျားကန်နေတတ်တော့

ဘာတခုမှ မကျန်အောင်

နင် ~~



24.5.2011

12း18း46AM

ကဗျာ ချစ်သူ

@ Neon Poemchitthu

No comments :

Post a Comment