Monday, January 14, 2013

☺☺☺ ဘယ်သူ တားမလဲ ☺☺☺


မစီးနဲ့ ရေ...

ရေကိုတံတိုင်း တမံတားပြီ

ကာရန်ထားလည်း

မိုးမှာ စနေ ၊ လေမှာ ရာဟု

မရွာနဲ့ ဟု



ဘယ်သူတားမလဲ ?

လေပွေသယ်ပိုက် ပြာရီမှိုင်းခိုး

ညစ်ဆိုးရနံ့  မလာနဲ့ ဟု

ပြတင်းတံခါး အလုံးပိတ်ကာ

တားနိုင်ပါလည်း

လေမှာ ရာဟု မတိုက်နဲ့ ဟု

လေရူးမုန်တိုင်း မွှေနှောက်ရန်ပြု

ဖြစ်တည်ဖူးတဲ့ ဒီလေရူးကို

ဘယ်သူတားမလဲ ?

မကြည့် လေနှင့် မေ့မျက်ဝန်းဆီ

ခက်ထန်မာတင်း အကြည့်စိမ်းစိမ်း

မေ..ရှောင်တိမ်းလည်း

မမြင်နဲ့ ဟု ပန်းနုရောင်သန်း

ရစ်ခြုံးလွှမ်းတဲ့ မျက်နှာလေးကို

အကြင်နာနွေး ခြေရာလေးထား

နှလုံးသားက ဆထောင်ပွားသည့်

မောင့်.... အချစ်ကြောင့်

မေ့.... မျက်နှာကို

" အို " ဘယ်သူများ တားလို့ ရလေမလဲ ??????????

22.5.2011

3း523း1 AM

ကဗျာ ချစ်သူ

@ Neon Poemchitthu

No comments :

Post a Comment