Thursday, January 10, 2013

✿✿ ခံနိုင်စွမ်းလေး မဲ့ခဲ့တယ် ✿✿


(''♥'')..ငြင်းပယ်မယ်ဆိုတာလည်း
ကိုယ်..သိပါတယ်ကွယ် !!
နေခြည်နုနု နဲ့  လေနုအေးတွေကြားမှာ
သံသာငှက်ခလေးတွေ နံနက်ခင်းရဲ့ 
တေးသီချင်းကို သီကျူးကြတော့
(''♥'')..ကို သတိတရ စိတ်နဲ့ 


ကိုယ့်နှလုံးသား ခံနိုင်စွမ်းလေး မဲ့ခဲ့တယ် !!

(''♥'')..ငြင်းပယ်မယ်ဆိုတာလည်း
ကိုယ်..သိပါတယ်ကွယ် !!
နှစ်ကိုယ်လျှောက်ဖူး ဒီလမ်းဟောင်းကလေးနဲ့ 
နှစ်ကိုယ်ထိုင်ဖူး အရင် နေရာဟောင်းလေးတွေ ရောက်တိုင်း
(''♥'')..ပုံရိပ်ရဲ့ အငွေ့ အသက်လေးတွေကြောင့်
(''♥'')..ကို လွမ်းတဲ့ စိတ်နဲ့ 
ကိုယ့်နှလုံးသား ခံနိုင်စွမ်းလေး မဲ့ခဲ့တယ် !!

(''♥'')..ငြင်းပယ်မယ်ဆိုတာလည်း
ကိုယ်..သိပါတယ်ကွယ် !!
ကြယ်စင်ဝင်းလဲ့ ညရဲ့ ''လ''မှာ
ရွှန်းကြည်ပဝင်း ရုပ်လွှာအဆင်းလား ?
မြင်ယောင်တရင်း ည အလှ အဆင်းကြောင့်
(''♥'')..ကို မြင်လို စိတ်နဲ့ 
ကိုယ့်နှလုံးသား ခံနိုင်စွမ်းလေး မဲ့ခဲ့တယ် !!

(''♥'')..ငြင်းပယ်မယ်ဆိုတာလည်း
ကိုယ်..သိပါတယ်ကွယ် !!
ရေမြေခြားလို့ ကိုယ့်နှလုံးသား
(''♥'')..အနိုင်ယူမယ်ဆိုတာ
သိခဲ့ပါလျှက် သိလျှက်နဲ့ 
သောကတံခါး မျက်ဝန်းအိမ်ဝမှာ
မျက်ရည်မိုးတို့ 
ဝေ့ဝေ့ဝိုးဝိုး မှိုင်းဝေညှိုးလို့ 
(''♥'')..ကို နီးလို စိတ်နဲ့ 
ကိုယ့်နှလုံးသား ခံနိုင်စွမ်းလေး မဲ့ခဲ့တယ် !!

♥♥♥♥ (''♥'') for (''♥'') = my love ♥♥♥♥

˙·٠•●♥ Written By 1983 ÑÉÖÑ ♥●•٠·˙

ကဗျာ ချစ်သူ

@ Neon Poemchitthu

No comments :

Post a Comment