♪ ♫ ည အိပ်မက်တိုင်း -နွေ ရွက်သစ်ကိုင်းလည်း- ကြွေ ဝိုင်းဖွဲ့ ကာဘဝ လေပွေ ရူးခါနေ မြူးပါပေ မထူးပါလေ ပျိုရွယ်ကင်းတဲ့ ဘဝဇရာတွေ ။ ☼ ☼
Thursday, January 10, 2013
''သစ္စာစက်ဦး ပျက်ပြယ်လူးလို့ ပြေပါစေ''
လှနှစ်ကယ်မြူး ၊ ပွဲတော်ထူးနှင့်
ပွင့်ဖူးဝေဝေ ၊ လှထူးစေဖို့ 
တည်နေသစ္စာ ၊ နှစ်ဦးခါမှာ
တကြိမ်တည်းသာပွင့်ဖူးလာ ။
မြစိမ်းရည်ဖူး ၊ ဝါရွှေမြူးဖို့ 
သိဂီ င်္ခက်ဝင့် ၊ ခါနွေစွင့်ခက်
ပွင့်ရန်ခက်ခက် ၊ သစ္စာစက်ဦး
ပျက်ပြယ်လူးလို့ ပြေပါစေ ။
ခေါင်ပင်ယံမြင့် ၊ ဝါရွှေတင့်ရန်
ပွင့်မြရည်ဖူး ၊ စွင့်အာမြူးဖို့ 
စူးခဲ့သစ္စာ ၊ နှစ်ဦးခါမှာ
စိမ့်ကာချမ်းစေ ၊ ပွင့်တွေဝေအောင်
မိုးစက် မိုးပန်း ၊ လှိုင်လှိုင်ဖြန်းပေါ့
သိဂီ င်္ဝါခက် ၊ သစ္စာစက်ဦး
ပျက်ပြယ်လူးလို့ ပြေပါစေ။
Ƹ̵̡Ӝ̵̨̄Ʒ Ƹ̵̡Ӝ̵̨̄Ʒ
ကဗျာ ချစ်သူ
@ Neon Poemchitthu
Labels:
ကဗျာ - ၀၉
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment