♪ ♫ ည အိပ်မက်တိုင်း -နွေ ရွက်သစ်ကိုင်းလည်း- ကြွေ ဝိုင်းဖွဲ့ ကာဘဝ လေပွေ ရူးခါနေ မြူးပါပေ မထူးပါလေ ပျိုရွယ်ကင်းတဲ့ ဘဝဇရာတွေ ။ ☼ ☼
Thursday, January 10, 2013
♫ မိုးစို - နေထိုး တဲ့ ပွင့်ဖတ် တစ်ခု ရဲ့ ကောက်ကြောင်း ♫
တရွေ့ ရွေ့ နဲ့  လျှောက်နေရတာ
ရပ်တန့် ဖို့  အမိန့် ကိုစောင့်စားရင်း
တစ်လှမ်းချင်း လှမ်းနေတဲ့
မကုန်ဆုံးနိုင်တဲ့
နှစ်ဆယ့်လေး နာရီ သစ်ပင် တစ်ခုမှာ
ကြွေချိန်မတန်ပဲ
ကြွေခဲ့ရတဲ့
ရွက်ကြွေ တစ်ခု ဖြစ်နေတာတောင်
ဘဝ စမ်းရေထဲ စီးမျောပြမှ
ကဗျာဆန်တာလား ?
လေပြေထဲ
ဝေ့ဝဲပြမှ
ကဗျာဆန်တာလား ?
ကျေးဇူးပြု၍ ငါ့ နှလုံးသားစကားကို
ဘောင်တွေခတ် မထားတဲ့
အရပ်ဒေသ တစ်ခုမှာ
လွတ်လပ်စွာ ထုဆစ်ခွင့်ပြုပါ
~ ကဗျာ ~
ကျေးဇူးပြု၍ .....
ကျေးဇူးပြု၍ ...please
ဘဝ ဆေးရေးပန်းချီကား
တစ်ချပ် ကို
ဘောင်တွေ ခတ်မထားတဲ့ 
စုတ်ချပ်တွေ နဲ့ 
လွတ်လပ်စွာ ပုံဖော်ခွင့် ပြုပါ
~ ကဗျာ ~
ကျေးဇူးပြု၍ .....
ကျေးဇူးပြု၍ ...please
တစိမ့်စိမ့်ကျနေတဲ့ နှလုံးသား အတွင်းက
သွေးတစ်စက်ချင်းရဲ့ 
ပဲ့တင်သံတွေ လွတ်လပ်စွာ ပျံဝဲဖို့ 
ဘောင်တွေခတ်မထားတဲ့ စည်းချက်တွေ နဲ့ အတူ
ကခုန်မြူးရင်
တေးသီချင်းတစ်ပုဒ် အဖြစ်
ညည်းညူခွင့်ပြုပါ
~ ကဗျာ ~
ကျေးဇူးပြု၍ .....
ကျေးဇူးပြု၍ ...please
သတိတရ စိတ်နဲ့ လည်း ကြည်နူးဖူးတယ်
လွမ်းတဲ့စိတ်နဲ့ လည်း ငိုဖူးတယ်
စိတ်ကြည်ရွှင်လို့  ပြုံးဖူးတယ်
ဟာဒယ ရွှင်လို့  ရယ်ဖူးတယ်
ဒီလိုနဲ့ ငါ လျှောက်ရင်း
လျှောက်ရင်း
လျှောက်
လှမ်း
ပြန်လှည့်ယူလို့ မရတော့တဲ့ အချိန်တွေ နဲ့ 
အဆုံးသတ်မသိတဲ့ ခြေလှမ်းတွေ ကြားမှာ
ငါ့ ဘဝ မိုးစို ၊ နေထိုး တဲ့
ပွင့်ဖတ် တစ်ခုလိုပါပဲ
~ ကဗျာ ~
ကျေးဇူးပြု၍ .....
ကျေးဇူးပြု၍ ...please
နင့် အနားမှာ လွတ်လပ်စွာ
မှေးစက်ခွင့်ပြုပါ
~ ကဗျာ ~
Ƹ̵̡Ӝ̵̨̄Ʒ Ƹ̵̡Ӝ̵̨̄Ʒ
ကဗျာ ချစ်သူ
@ Neon Poemchitthu
Labels:
ကဗျာ - ၀၇
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment