♪ ♫ ည အိပ်မက်တိုင်း -နွေ ရွက်သစ်ကိုင်းလည်း- ကြွေ ဝိုင်းဖွဲ့ ကာဘဝ လေပွေ ရူးခါနေ မြူးပါပေ မထူးပါလေ ပျိုရွယ်ကင်းတဲ့ ဘဝဇရာတွေ ။ ☼ ☼
Thursday, January 10, 2013
*•..့•* မောင် ♥ မယ် အလွမ်းဘွဲ့  *•..့•*
♥ ဆောင်းလေကအေး ၊ ကြယ်စင်ဖွေး၍ ၊
♥ ဆီးနှင်းတွဲခို ၊ ပင်ခက်တို့ ကြား ၊
♥ ဖြောက်ကျစိတ်တ ၊ ခင်ပျိုမ, အား ၊
♥ မောင်တမ်းရည်သော် ၊ တပြည်မျှော်ခြား ၊
♥ ခင်ပျိုမေပင် လွမ်းမည်လော ။ ♥ ♥ ♥ ။
♥ ♥ သွေးလေမနွေး ၊ ကြွယ်မွေ့ မီးခက် ၊
♥ ♥ လင်းထင်းဖွဲ့ လို ၊ တောင်ပတ်ဘုံကြား ၊
♥ ♥ ထက်နေကြားမှ ၊ မြင်သော်ရိပ်ရိပ် ၊
♥ ♥ မရွှင်စိတ်ကြောင့် ၊ နှမလေလား ၊
♥ ♥ ခင်ပျိုမေပင် ကျွမ်းမည်လော ။ ♥ ♥ ♥ ။
♥ ♥ ♥ ဝေးမြေကခြား ၊ မြင်ရက်ထွေးသော် ၊
♥ ♥ ♥ တွေးတွေးရော်ရမ်း ၊ ကြင်ဖက်လွမ်းမို့  ၊
♥ ♥ ♥ ဖျောက်ရစိတ်မှ ၊ ပင်ပန်းထိတ်ထိတ် ၊
♥ ♥ ♥ မောင့်ရင်စိတ်ကြောင့် ၊ လွင့်မူးတသော် ၊
♥ ♥ ♥ ခင်ပျိုမေပင် နွမ်းမည်လော ။ ♥ ♥ ♥ ။
31 .10. 2011
ကဗျာ ချစ်သူ
@ Neon Poemchitthu
( ရတု ရေးဟန်လေး ရေးထားတာပါ )
ကာရန် အချိုးအစား မညီညာပါ ။ ။
Labels:
ကဗျာ - ၀၅
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment